ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 June 2011

ငွေအသပြာကို ဘယ်အခါက စ သုံးကြသလဲ?

မျက်မှောက်ကာလတွင် ငွေကြေးအသပြာကို ပစ္စည်းများ ၀ယ်ရာတွင် သုံးသည်။ လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာ ကုန်သွယ်မူများပြုစဉ်က ငွေကြေးအသပြာဟူ၍ မရှိသေးချေ။ လူများသည် ပစ္စည်းချင်း ဖလှယ်ခဲ့ကြရသည်။ ငွေကြေးအသပြာ တီထွင်နိုင်ခဲ့ပြီးနောက် ကုန်သွယ်မူ ပိုမိုလွယ်ကူ မြန်ဆန်လာသည်။

ပထမဆုံး သတ္တုဒင်္ဂါးများကို ခရစ်မပေါ်မီ ၈၀၀ခုနှစ်လောက်တွင် စတင်ပြုလုပ်ခဲ့သည်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများသည် တန်ဖိုး အမှန်တကယ်ကြီးမားသည်။ ငွေစက္ကူများမှာမူ တိုကင် သဘောသာ ဖြစ်သည်။ စက္ကူသည် တန်ဖိုးမရှိပေ။ ငွေစက္ကူများကို ခရစ်နှစ် ၈၀၀ခန့်တွင် တရုတ်ပြည်၌ သုံးစွဲခဲ့သည်။

No comments:

Post a Comment