ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 June 2011

အလွမ်းဇာတ်များကို ဘယ်သူ ပထမဆုံးရေးခဲ့သလဲ?

အလွမ်းဇာတ်သည် ရှေးဟောင်း ဂရိနိုင်ငံတွင် ထွန်းကားခဲ့သော ဇာတ်တစ်မျိုးဖြစ်သည်။ စောစောပိုင်း အလွမ်းဇာတ်များ ရေးခဲ့သူများတွင် Aeschylus, Sophocles နှင့် Euripides တို့ ထင်ရှားသည်။

အီးဆီးလပ် လက်ထက်အထိ ပြဇာတ်များတွင် သရုပ်ဆောင် တစ်ဦးနှင့် သံပြိုင်တေးတစ်ပုဒ်သာ ပါဝင်ခဲ့သည်။ သူ့လက်ထက် ပြဇာတ်များတွင် ဒုတိယသရုပ်ဆောင်တစ်ဦး ထပ်တိုးပေးသည်။ ဆိုဖိုကလီးစ်သည် ရှေးရိုးဇာတ်ပုံစံကိုများစွာ ပြောင်းလဲပစ်ခဲ့သည်။ နောင်တွင်မှ ပျော်စရာ ဇာတ်သိမ်းဖြင့် အလွမ်းတစ်ဝက် အသောတစ်ဝက် ပြဇာတ်များ ရေးလာသည်။ ဂရိပြဇာတ်များ၏ လမ်းကြောင်းတစ်ရပ် ဖြစ်လာခဲ့သည်။

No comments:

Post a Comment