ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 10 July 2011

၁၇ - ကေသကာရီဝိမာန၀တ္ထု

၁၅၀။ နှစ်သက်ဖွယ်ရှိ၍ ပြိုးပြိုးပြက်ထွက်သော အရောင်အဆင်းလည်းရှိသော ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်လည်းရှိသော အလွန်ကျယ်ပြန့်သော ကောင်းစွာ ဖန်ဆင်းအပ်သော ရွှေသစ်ပင်တို့ဖြင့် ထက်ဝန်းကျင်မှလည်း ဖုံးလွှမ်းအပ်သော ကံ၏ အကျိုးနှင့်တကွဖြစ်သော ဤဗိမာတန်သည် ငါ၏ နေရာ ဗိမာန်ပေတည်း။

၁၅၁။ ထိုငါ၏ဗိမာန်၌ ဖြစ်ကုန်သော ဤနတ်သမီးဟောင်းတို့သည် တသိန်းမျှ ရှိကုန်၏၊ မိမိကံကြောင့် ယခုအခါ၌ ရောက်လာသော သင်သည် အခြံအရံနှင့် ပြည့်စုံသူဖြစ်၏၊ (ထို မိမိကံ အာနုဘော်ကြောင့် သာလျှင်) ရှေးနတ်သမီးတို့ထက် ထွန်းလင်း တောက်ပလျက် တည်နေဘိ၏။

၁၅၂။ ယုန်ရေးတံဆိပ်ရှိသော နက္ခတ်တာရာ ကြယ်တကာတို့၏ မင်းဖြစ်သော လသည် ကြယ်တာရာအပေါင်းကို လွှမ်းမိုး၍ တင့်တယ်ဘိသကဲ့သို့ ထို့အတူသာလျှင် သင်သည် ဤနတ်သမီး အပေါင်းကို လွှမ်းမိုး၍ အခြံအရံဖြင့် အလွန်ထွန်းလင်း တောက်ပလက် တင့်တယ်ပါ၏။

၁၅၃။ အလုံးစုံသော ကိုယ်အင်္ဂါတို့ဖြင့် ရူချင်ဖွယ်ရှိသော နတ်သမီး သင်သည် အဘယ်ဘ၀မှ လာခဲ့၍ ဤငါ၏ ဘုံဗိမာန်သို့ ရောက်လာဘိသနည်း၊ သိကြားမင်းနှင့်တကွ တာဝတိံသာ နတ်တို့သည် ဗြဟ္မာမင်းကို ကြည့်ရူရ သဖြင့် မရောင့်ရဲနိုင်သကဲ့သို့ အလုံးစုံသော ငါတို့သည် သင့်ကို ကြည့်ရူရခြင်းဖြင့် မရောင့်ရဲနိုင်ကြပါကုန် (ဟု သိကြားမင်းက မေး၏)။

၁၅၄။ သိကြားမင်း “အဘယ်အရပ်မှ စုတေ၍ ဤငါ့ဗိမာန်သို့ သင်လာရောက်သနည်း” ဟူသော အမေးကို အကျွန်ုပ်အား မေးဘိ၏၊ သိကြားမင်း အကျွန်ုပ်သည် ကာသိတိုင်း ဗာရာဏသီမည်သော ပြည်ရှိ၏၊ ရှေးဘ၀က ထိုဗာရာဏသီပြည်၌ ကေသကာရီမည်သော မိန်းမ ဖြစ်ခဲ့ဘူးပါ၏။

၁၅၅။ အကျွန်ုပ်သည် ဘုရား၌၎င်း၊ တရား၌၎င်း၊ သံဃာ၌၎င်း ကြည်ညိုစိတ် ရှိခဲ့ပါ၏၊ အမှန်ဟုယူခြင်း ရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ်တို့ကိုလည်း မကျိုးမပေါက် စေခဲ့ပါ၊ သောတာပတ္တိဖိုလ် သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို သိတတ်သော မဂ်ဉာဏ်၌ အနှော်ကအယှက် ကင်း၍ မြဲသောသဘော ရှိပါ၏။

၁၅၆။ “ဘုရား၌၎င်း တရား၌၎င်း သံဃာ၌၎င်း ကြည်ညိုစိတ်ရှိခဲ့ပါ၏၊ အမှန်ဟု ယူခြင်းရှိပါ၏၊ ယုံမှား (သံသယ) မရှိခဲ့ပါ၊ သိက္ခာပုဒ်တို့ကိုလည်း မကျိုးမပေါက်စေခဲ့ပါ။ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခဲ့ပါ၏၊ သစ္စာလေးပါးတို့ကို သိတတတ်သော မဂ်ဉာဏ်၌ အနှောက်အယှက် ကင်း၍ မြဲသော သဘောရှိပါ၏” ဟု ပြောဆိုသော နတ်သမီး သင်၏ ထို (ကောင်းမူပြည့်စုံခြင်း နတ်စည်းစိမ် ပြည့်စုံခြင်း နှစ်ပါး) ကို ငါတို့ နှစ်သက် ၀မ်းမြောက် ပါကုန်၏၊ သင်၏လာခြင်းသည် ကောင်းသော လာခြင်းလည်း ဖြစ်ပါ၏၊ သင်သည် တရားဖြင့်၎င်း၊ အခြံအရံဖြင့်၎င်း တင့်တယ်ပါပေ၏။

တဆယ့်ခုနှစ်ခုမြောက်သော ကေသကာရီဝိမာန၀တ္ထု ပြီး၏။

ဣတ္ထိဝိမာန၀ဂ်၌ ရှေးဦးစွာသော ပိဌ၀ဂ် ပြီး၏။

No comments:

Post a Comment