ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 July 2011

သီလဟာ မဂ္ဂင် - မဂ္ဂင်ဟာ သီလ

သီလဟာ မဂ္ဂင်ရှစ်ပါး။ မဂ္ဂရှစ်ပါးဟာ သီလပါ။ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို စွဲမြဲစွာ လေ့ကျင့်သုံး အားထုတ်တာာ သီလကို တည်ဆောက်တာပါပဲ။

ရေနစ်တဲ့လူဟာ သူ့ကို ကယ်မဲ့လက်ကို မြဲမဲခိုင်ခိုင် အားကိုးတကြD; ဆုပ်ကိုင်သလိုပဲ၊ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ဆွဲကိုင်ရတယ်။ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ဆွဲကိုင်တာဟာ သီလကို တည်ဆောက်တာပါပဲ။ မဂ္ဂင်ရှစ်ပါးဟာ အလွန်အရေးကြီးလှတယ်။

မဂ္ဂင်ရှစ်ပါးကို သဘောပေါက် နေထိုင်ခြင်းဟာ ပညာမျက်စိ ပွင့်လင်းခြင်းပဲဖြစ်တယ်။ အသိဉာဏ်တရား ထင်ထင်ရှားရှား ဖြစ်ခြင်းပင် ဖြစ်တယ်။ အဲသည် ရှစ်ချက်ကို ကိုင်ရင် သိသင့်သိထိုက်သမျှ အလုံးစုံကို နားလည်လာမယ်။ မဂ္ဂင်ရှစ်ပါးကို အမြဲသတိရ လုပ်ကိုင်နေမှသာ အလင်းရောင်ကြီး ထင်ရှားပေါ်ပေါက်နေခြင်း ဖြစ်ပါလိမ့်မယ်။

လောကီမဂ္ဂင်ဟာ လောကုတ္တရာမဂ္ဂင်ရဲ့ ရှေ့ပြေးပါ။ လောကီမဂ္ဂင်မရှိရင် လောကုတ္တရာမဂ္ဂင်လည်း ပေါ်လာနိုင်ဖွယ် မရှိပါဘူး။

မဂ္ဂင်ရှစ်ပါးကို အကျဉ်းချုပ်အားဖြင့်ဆိုရရင် -
- သီလ
- သမာဓိ
- ပညာ သုံးမျိုးသာဖြစ်ပါတယ်။

အလယ်သုံးခုဖြစ်တဲ့ သမ္မာဝါစာ၊ သမ္မာကမ္မန္တနဲ့ သမ္မာအာဇီဝတို့ဟာ ကိုယ်နဲ့နူတ်ကို ဆုံးမစောင့်စည်းတဲ့ အလုပ်ဖြစ်ပြီး (သီလတရား) တွေပါပဲ။

နောက်ဆုံး သုံးခုဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ဟာ (စိတ်တည်ကြည်မူ) အတွက် ပြုလုပ်ရတဲ့ တရားတွေဖြစ်ပြီး (သမာဓိ) နယ်မှာ ပါဝင်ပါတယ်။

အစနှစ်ခုဖြစ်တဲ့ သမ္မာဒိဋ္ဌိနဲ့ သမာသင်္ကပတို့ကတော့ (ကိလေသာ)ကို အပြီးသတ် ဖျက်ဆီးနိုင်တဲ့ ပညာပိုင်းဆိုင်ရာ ဖြစ်ပါတော့တယ်။

အဲ့ဒါကြောင့် သီလဆောက်တည်ပြီး၊ ပုတီးစိတ်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်း၊ ကောင်းမူ ကုသိုလ်တွေ ပြုခြင်းဟာ မဂ္ဂင်ရှစ်ပါး အပါအ၀င် ဖြစ်နေပါတယ်။

လူ့ဘ၀ ဒုက္ခတွေ ကင်းဝေးနိုင်ရေးအတွက် မဂ္ဂင်ရှစ်ပါးဟာ အရေးကြီးလှပါတယ်။ ဒုက္ခမှ လွတ်မြောက်ရေးကို ရအောင် လုပ်နည်းဟာ မဂ္ဂင်ရှစ်ပါး နည်းပါပဲ။

မဂ္ဂသစ္စာဟာ မဂ္ဂင်ရှစ်ပါး။ မဂ္ဂင်ရှစ်ပါးဟာ သီလပဲလို့ သဘောပေါက်မိတယ်။

လောကမှာ ကိုယ့်စိတ်တိုင်းကျ ဘ၀ကိုလွယ်လွယ်နဲ့ မရနိုင်ဘူး။ ဒါပေမယ့် ကိုယ်မျှော်မှန်းရာ ရည်မှန်းချက် ပန်းတိုင်ကိုတော့ စိတ်ကူးသတ်မှတ်ဖို့ ဘယ်သူကမှ တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ အခြေအနေတွေ ဘယ်လိုပဲရှိရှိ လုပ်ကိုင်ကြိုးစားမူတွေမှာ စိတ်အားထက်သန်မူ အစွမ်းကုန်ဖြည့်ရမှာပေါ့။

လူတွေဟာ စိတ်မနိုင်ကြဘူး။ စိတ်လူပ်ရှားနေကြတာ များတယ်။ စိတ်ကိုထိန်းသိမ်းဖို့ ခက်ခဲနေကြတယ်။ အချို့ဆို စိတ်ကို လုံးဝကို လွှတ်ထားတာပဲ။ စိတ်လွတ် ကိုယ်လွတ် ပရမ်းပတာပါ။

အဲလို ဗယောက်ဗယက်စိတ်က ပျံ့နှံ့လေ၊ အဲဒီ စိတ်နောက်ကို ခန္ဓာကိုယ်က လိုက်လေဆိုတော့ ဆိုးတော့တာပေါ့။ စိတ်နဲ့ကိုယ် မတည်ငြိမ်မူက သံသရာလည်နေပြီး ဒုက္ခတွေ ချာချာလည်နေတော့တာပေါ့။

စိတ်ကို မထိန်းကွပ်ဘဲ လွှတ်ထားရင် စိတ်ရဲ့နောက်ကို ခန္ဓာကိုယ်က နေရာတကာ လိုက်နေပြီ လုံးဝဆုံးရူံးခြင်းတွေ ဖြစ်ကုန်ရော။

စိတ်နဲ့ ရုပ်ဟာ အညမညသဘော ဆက်သွယ်နေတယ် ဆိုပေမယ့် စိတ်က ရုပ်ကို ဦးဆောင်တဲ့ အစိတ်အပိုင်းတွေ များတယ်။

အင်အားအလွန်ကောင်းလှတဲ့ စိတ်ဟာ လူတစ်ယောက်ရဲ့ အခြေအနေ အရပ်ရပ်ကို အဆုံးအဖြတ် ပေးတာပဲ။

စိတ်နိုင်မှ အာရုံစူးစိုက်မူကိုလည်း ပိုလုပ်လာနိုင်မယ်။ သမာဓိ အားကောင်းလာရင် အဆက်အစပ် ကောင်းစွာ တွေးတော စဉ်းစားလာနိုင်တယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ အစိတ်အပိုင်း ရှစ်ခုရှိတဲ့ ဗုဒ္ဓလမ်းစဉ်ကို တစ်နေ့ရော၊ တစ်နာရီရော၊ မိနစ်ကလေးတွေမှာရော မမေ့အပ်ဘူး။ အမြဲကို သတိရနေရမယ်။ သတိရနေရင် သီလ ဆောက်တည်နေတဲ့ သဘောပဲ။

စာရေးသူကတော့ သတိရတဲ့အခါရနေပြီး၊ မေ့ချင်တဲ့အခါ မေ့နေတယ်။ ဟိုအရေး၊ ဒီအရေး၊ ဟိုစိတ်ရောက် ဒီစိတ်ရောက်နဲ့ တစ်ခါတ်လေ မဂ္ဂင်ရှစ်ပါးကို ဘယ်ရောက်နေမှန်း မသိဘူး။

အမှတ်တစ်နဲ့ နှစ်ဖြစ်တဲ့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကတော့ (ကိလေသာ)ကို အပြီးသတ် ဖျက်ဆီးနိုင်တဲ့ ပညာပိုင်းဆိုင်ရာပါ။

အမှတ်နှစ်၊ သုံး၊ လေးဖြစ်တဲ့ သမ္မာဝါစာ၊ သမ္မာကမ္မန္တနဲ့ သမ္မာအာဇီဝတို့က ကိုယ်နဲ့နူတ်ကို ဆုံးမစောင့်စည်းတဲ့ သီလတရား။

နောက်ဆုံး သုံးခုဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိနဲ့ သမ္မာသမာဓိက စိတ်တည်ကြည်မူ။

အဲသည် တန်ဖိုးရှိလှတဲ့ အစိတ်ပိုင်းကြီး ရှစ်ခုကို တစ်ခုစီ၊ တစ်ခုစီ ပြန်ရှင်းရရင် -

၁။ သဘာဝအမှန်ကို အာရုံတစ်ခုမှ အပြစ်ကင်းသော သမ္မာဒိဋ္ဌိ၊

၂။ အပြစ်ကင်းသော အာရုံတစ်ခုမှ အပြစ်ကင်းသော အာရုံတစ်ခုသို့ ကူးသန်းပေးပို့သော သမ္မာသင်္ကပ္ပ၊

၃။ အပြစ်ရှိသော နူတ်အမူအရာမှ ရှောင်ကြဉ်လေ့ ရှိသော သမ္မာဝါစာ၊

၎။ အပြစ်ရှိသော ကိုယ်အမူအရာမှ ရှောင်ကြဉ်လေ့ရှိသော သမ္မာကမ္မန္တ၊

၅။ အပြစ်ရှိသော အသက်မွေးဝမ်းကြောင်းမှ ရှောင်ကြဉ်လေ့ရှိသော သမ္မာအာဇီဝ၊

၆။ အပြစ်ကင်းသော အလုပ်ကိစ္စများအတွက် အားထုတ် ဆောင်ရွက်လေ့ရှိသော သမ္မာဝါယာမ၊

၇။ အပြစ်ကင်းသော အာရုံဟူသမျှကို ကျနသေသပ် မမေ့တတ်သော သမ္မာသတိ၊

၈။ အပြစ်ကင်းသော အာရုံတို့၌ တည်ငြိမ်သော သမ္မာ သမာဓိ တို့ပါပဲ။

လူငယ်တွေ နားလည်လွယ်အောင်နဲ့ မှတ်ရလွယ်အောင် အတိုကောက် ရှင်းရရင် -

၁။ အမြင်မှန်

၂။ အကြံအစည်မှန်

၃။ အပြောမှန်

၎။ အလုပ်မှန်

၅။ အသက်မွေးမူမှန်

၆။ ကြိုးစားအားထုတ်မူမှန်

၇။ သတိ

၈။ စူးစိုက် တည်ကြည်မူတို့ပါပဲ။

သိ၊ ကြံ၊ ပြော၊ ပြု၊ သက်မွေး၊ အားထုတ်၊ အောက်မေ့၊ တည်ကြည်ပေါ့။

အမှတ်ရှစ်ဖြစ်တဲ့ နောက်ဆအချက်ရဖို့ကို ရှေ့က ခုနှစ်ချက်ကို ကြိုးစားရမှာ ဖြစ်ပါတယ်။

လောကမှာ စူးစိုက်တည်ကြည်မူ မရှိတဲ့ လူမှန်သမျှဟာ ဘယ်အလုပ်ကိစ္စကိုမှ အပြီးတိုင် ဆောင်ရွက်နိုင်မှာလည်း မဟုတ်ဘူး။ အောင်မြင်မူလည်း ရမှာ မဟုတ်ပါဘူး။

ကောင်းရောင်းကောင်းဝယ် ဈေးသည်ရော၊ လမ်းမှန် ကမ်းမှန် ပြည်သူ့ ၀န်ထမ်းရော၊ အလုပ်လုပ်ရင်း မမေ့ရဘူး။ ဈေးရောင်းရင် သတိရနေရမှာက မဂ္ဂင်ရှစ်ပါးပါ။ အခြား စာရွက်တွေ ကပ်ထားသလို မဂ္ဂင်ရှစ်ပါးကိုလည်း အတိုကောက်ရေးပြိး ကပ်ထားသင့်ပါတယ်။

အမြင်မှန်မှ - အကြံအစည်မှန်မှာ။
အမြင်မှားရင် - အကြံအစည်မှားပြီ။
အဲသည်လိုဆို - သီလပျက်ပြီ။


အကြံအစည်မှန်မှ - အပြောမှန်မှာ။

အကြံအစည်မှားရင် - ပြောတဲ့စကားမှားပြီပေါ့။
အဲသည်လိုဆို - သီလပျက်ပြီ။


အပြောမှန်မှ - အလုပ်မှန်မှာ
အပြောမှားရင် - အလုပ်လည်းမှားပြီ။
အဲသည်လိုဆို - သီလပျက်ပြီ။


အသက်မွေးမူမှန်မှ - ကြိုးစားမူမှန်မှာ
အသက်မွေးမူ မမှန်ရင် - ကြိုးစားမူဟာ ဘယ်မှန်တော့ မှာလဲ။
အဲသည်လိုဆို - သီလပျက်ပြီ။


ကြိုးစားမူမှန်မှ - အမှတ်ရမူ သတိရှိမယ်။
သတိရှိနေတော့ - သမာဓိအား ကောင်းတာပေါ့။
စူးစိုက်တည်ကြည်မူဟာ၊ သီလခိုင်မြဲခြင်းပဲ ဖြစ်ပါတော့တယ်။


သီလဟာ မဂ္ဂင်ရှစ်ပါး - မဂ္ဂင်ရှစ်ပါးဟာ သီလပါ။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment