ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 11 July 2011

၃ - အာစာမဒါယိကာဝိမာန၀တ္ထု

၁၈၅-၆။ (ဆွေမျိုး ပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတပါးအိမ်အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဘူးပါပြီ၊ ထိုမိန်းမသည် လူ့ ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘ၀သို့ လားလေသနည်း။ (ဟု သိကြားမင်းက မေး၏)။

၁၅၇-၉။ (ဆွေမျိုး ပြန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတပါးအိမ်အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အား ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက်ပေးလှူခဲ့ဘူး၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ ဘ၀မှ ကင်းလွတ် စုတေသောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော်စံပျော်နေရ၏၊ (ဟု အသျှင်မဟာကဿပ မိန့်တော်မူ၏)။

၁၉၀။ အသျှင်မဟာကဿပ၌ ကောင်းစွာတည်စေသော အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ၊ သူတပါးအိမ်မှ ဆောင်လာသော ထမင်းချိုးလှူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။

၁၉၁။ အချင်းတို့ အင်္ဂါကြီးငယ် အလုံးစုံကောင်းခြင်းရှိသော လင်၏ ရူမငြီးသော မိန်းမသည် စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ (အကျိုးကို) တဆယ့် ခြောက်စိတ် စိတ်၍ တစိတ်လောက်မျှ တန်ဖိုး မရှိပေ။

၁၉၂။ ရွှေစင်နိက္ခတသိန်း၊ မြင်းတသိန်း၊ အဿတိုရ်မြင်းကသော ရထား တသိန်း၊ ပတ္တမြားနားဍောင်း ၀တ်ဆင်ကုန်သော သမီးကညာဟသိန်း (ဤအလုံးစုံတို့သည်လည်း) ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ (အကျိုးကို) တဆယ့် ခြောက်စိတ် စိတ်၍ တစိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

၁၉၃။ ဟိမ၀န္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုး တပ်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တရာတို့သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးလို) တဆယ့် ခြောက်စိတ် စိတ်၍ တစိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

၁၉၄။ ဤလောက၌ အကြင် သူသည် ကျွန်းကြီး လေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ ထိုစကြ၀တေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တဆယ့် ခြောက်စိတ် စိတ်၍ တစိတ်လောက်မျှ တန်ဖိုး မရှိပေ။

သုံးခုမြောက်သော အာစာမဒါယိကာဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment