ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 18 July 2011

၁၀ - ပါရိစ ၦတၱက၀ိမာန၀တၳဳ

၆၈၀။ နတ်သမီး သင်သည် နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ကို ဖြစ်စေတတ်သော ပါရိစ္ဆတ္တကအမည်ရှိသော ပင်လယ်ကသစ်ပင်၌ နတ်ပန်းကို သီကုံး၍ သီချင်းကိုသီဆိုလျက် ကောင်းစွာ စံပျော်နေဘိ၏။

၆၈၁။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာပျော်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြကုန်၏။

၆၈၂။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လိုင်ကုန်၏။

၆၈၃။ နတ်သမီး ကိုယ်ကို လှည့်လည် ယိမ်းနွဲ့ လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၄။ လေညှင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လူပ်ကုန်သော ဦးဆောက်ပန်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၅။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်၏။

၆၈၆။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကိုငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၈၇။ အကျွန်ုပ်သည် ပြိုးပြိုးပြက်ထွက်သော အရောင်အလျှံရှိသော အဆင်း အနံ့နှင့် ပြည့်စုံသော သော်ကပန်းကုံးကို မြတ်စွာဘုရားအား ဆက်ကပ်ခဲ့ပါ၏။

၆၈၈။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီိးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မူကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ဆယ်ခုမြောက်သော ပါရိစ္ဆတ္တက၀ိမာန၀တ္ထု ပြီး၏။


သုံးခုမြောက်သော ပါရိစ္ဆတ္တက၀ဂ် ပြီး၏။

No comments:

Post a Comment