ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 10 July 2011

၂ - စိတ္တလတာဝဂ် (၁-ဒါသိဝိမာန၀တ္ထု)

၁၅၇။ (နတ်သမီး သင်သည်) နတ်တို့ အရှင် သိကြားမင်းကဲ့သို့ နတ်သမီး အပေါင်း ခြံရံလျက် နှလုံးမွေ့လျော်ဖွယ် ကောင်းသော စိတ္တလတာ အမည်ရှိသော ဥယျာဉ်အတွင်းဝယ် သောက်ရှူးကြယ်ကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် ထက်ဝန်းကျင်မှ လှည့်လည်ဘိ၏။

၁၅၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား ကောင်းကျိုး ပြည့်စုံသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၅၉။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၁၆၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၆၁။ အကျွန်ုပ်သည် လူဘ၀၀ယ် လူဖြစ်ခဲ့စဉ်က သူတပါးတို့အိမ်၌ အစေခံကျွန်မ ဖြစ်ခဲ့ဘူးပါပြီ။

၁၆၂။ (စက္ခု) ငါးပါးရှိတော်မူသော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ တာလိလက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အကျွန်ုပ်အား ကိလသာတရားတို့မှ ထွက်မြောက်ကြောင်း လုံ့လရှိခဲ့ပါ၏။

၁၆၃-၄။ ဤခန္ဓာကိုယ်သည် ပျက်လိုမူလည်း ပျက်ပါစေ၊ ဤကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ လျော့လျော့ပြုမူ မရှိသည်သာလျှင်တည်း၊ သိက္ခာပုဒ်ငါးပါးကို (ပြည့်စုံကြောင်းဖြစ်သော) ချမ်းသာစေတတ်သော ငြိမ်းချမ်းသော ရာဂစသော ဆူးငြောင့်မရှိသော ကိလေသာ မိစ္ဆာအယူ ခြုံလည်း မရှိသော ဖြောင့်မတ်သော သဘောရှိသော ဘုရား အစရှိကုန်သော သူတော်မြတ်တို့ ဟောကြားအပ်သော အရိယာမဂ်သည် ရှိပါ၏၊ မိန်းမသားမျှပင် ဖြစ်ပါလျက် ဤအရိယာမဂ်သို့ ရောက်ခဲ့ပါပြီ၊ အားထုတ်မူလုံ့လ၏ အကျိုးကို ရူတော်မူပါလော့။

၁၆၅-၈။ အကျွန်ုပ်သည် မိမိအလိုသို့ လိုက်စေတတ်သော သိကြားမင်း၏ အတိုင်ပင်ခံ နတ်သမီး ဖြစ်ခဲ့ပါ၏၊ အာလမ္ဗတူရိယာ ၊ ဂဂ္ဂရတူရိယာ၊ ဘီမတူရိယာ၊ သာဓုဝါဒီတူရိယာ၊ သံသယတူရိယာ၊ ပေါက္ခရတူရိယာ၊ သုဖဿတူရိယာစသော ခြောက်သောင်းကုန်သော တူရိယာတို့သည် အကျွန်ုပ်၏ နှစ်သက် ၀မ်းမြောက်မူကို နိုးကြားစေပါကုန်၏၊ ၀ိဏာမောက္ခနတ်သမီး၊ နန္ဒာနတ်သမီး၊ သုနန္ဒာနတ်သမီး၊ သောဏဒိန္နာနတ်သမီး၊ သုစိမှိတာနတ်သမီး၊ အလမ္ဗုသာနတ်သမီး၊ မိဿကေသီနတ်သမီး၊ ပုဏ္ဍရိကာနတ်သမီး၊ အတိဒါရုဏီနတ်သမီး၊ ဧဏီမဿာနတ်သမီး၊ သုဖဿာနတ်သမီး၊ သုဘဒ္ဒါနတ်သမီး၊ မုဒုဝါဒီနိနတ်သမီး ဤဆိုခဲ့ပြီးသော နတ်သမီးတို့နှင့် နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်းကုန်အပ်သော အခြား နတ်သမီးတို့သည် အကျွန်ုပ်၏ နှစ်သက် ၀မ်းမြောက်မူတို့ကို ကြားစေပါကုန်၏။

၁၆၉။ ထိုနတ်သမီးးတို့သည် လျောက်ပတ်သောအခါ၌ အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ “ယခုအခါ အကျွန်ုပ်တို့သည် ကခုန်ကြပါကုန်အံ့ သီချင်းဆိုကြပါကုန်အံ့ သင့်ကို မွေ့လျော်စေကြပါ ကုန်အံ့”ဟု ပြောဆိုကြပါကုန်၏။

၁၇၀။ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော တာဝတိံသာနတ်တို့၏ ကြီးမြတ်သော ဥယျာဉ်ဖြစ်သော ဤအရပ်ဌာနသည် ကောင်းမူကို မပြုကုန်သော သူတို့အတွက် မဟုတ်ပါ၊ ကောင်းမူကို ပြုပြီးသူတို့အတွက် သာလျှင် ဖြစ်ပါ၏။

၁၇၁။ ကောင်းမူကို ပြုပြီးကုန်သော သူတို့အား ဤဘ၀၌၎င်း၊ တမလွန်ဘ၀၌၎င်း၊ ချမ်းသာမူ မရှိပါ၊ ကောင်းမူကို ပြုပြိးကုန်သော သူတို့အားသာလျှင် ဤဘ၀၌၎င်း၊ တမလွန်ဘ၀၌၎င်း ချမ်းသာမူ ရှိနိုင်ပါ၏။

၁၇၂။ ထိုတာဝတိံသာနတ်တို့၏ အပေါင်းအသင်းဖြစ်ကို အလိုရှိကုန်သော သူတို့သည် ကုသိုလ်ကို များစွာပြုအပ်၏၊ ထိုစကား မှန်၏၊ ကောင်းမူကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ရကုန်၏။

ရှေးဦးစွာသော ဒါသိဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment