ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 2 July 2011

ဈေသည်နှင့် သီလ

တစ်နပ်စား ကြံသူတွေဟာ ရေရှည်မှာ ကြီးပွားလေ့မရှိကြဘူး။ လုံ့လ၊ ၀ီရိယ၊ သီလ၊ သိက္ခာ၊ သမာဓိ၊ ကတိ သစ္စာတွေနဲ့ လုပ်ဆောင်တဲ့လုပ်ငန်း အများဆုံးတို့သာ ကြာလေ၊ ကြီးပွားလေ ဖြစ်လေ့ရှိပါတယ်။ ဗန်းငယ်တစ်ဗန်း၊ ကွမ်းယာဆိုင်ကလေး တစ်ဆိုင်ကပင် လေးငါးနှစ်အကြာ၌ ချောင်လည်လာစေပြီး၊ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ် အကြာမှာ ကြီးပွားစေနိုင်ပါတယ်။

လောကမှာ ဈေးသည်ကလေးပဲဖြစ်ဖြစ်၊ ဈေးသည်ကြီးပဲဖြစ်ဖြစ်၊ သီလ သိပ်လိုပါတယ်။

ဈေးသည်ဆိုတာမှာ သီလရှိမှ အရောင်းအ၀ယ် ကောင်းတာပဲ။ သီလမရှိတဲ့ စိတ်ထားမမှန်တဲ့ ဈေးသည်ဟာ ကြာကြာမခံဘူး။ အရင်းပြုတ်တာများတယ်။

မုသာဝါဒ အသုံးလွန်ရင် ဖောက်သည်ပျက်တယ်။ ကြာတော့ ယုံယုံကြည်ကြည် ၀ယ်ချင်တဲ့စိတ် မရှိတော့ဘူး။ အခြားဆိုင်ပြောင်းဝယ် ကြတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၀ယ်ရတာ စိတ်မှ မသန့်တော့တာကိုး။

စကားလည်းမှန်၊ ဈေးနူန်းလည်းမှန်မှအဲသည်ဈေးသည်ထံမှ ဈေးဝယ်များတယ်။ မြတ်စွန်းချင်လို့ ဈေးရောင်းတာ ဖြစ်ပေမယ့် မြတ်သင့်သလောက်ပဲ အမြတ်စားမှ၊ ဈေးသည်ရဲ့သီလဆိုတာ ထားရသေးတယ်။

မိတ်မပေါရင် ဥစ္စာရှာရတာ လုပ်ရကိုင်ရတာ ခက်တယ်။ ဆင်းရဲသော်လည်း ရိုးသားပြီး အကျင့်သီလ ကောင်းရင် မိတ်ဆွေပေါပါတယ်။

ကောင်းရောင်းကောင်းဝယ် ဈေးသည်တွေမှာ သီလဟာ အမြဲပူးကပ် ရှိနေရမယ်။ ဈေးသည်ဆိုတာ လူတကာနဲ့ ထိတွေ့ဆက်ဆံလုပ်ကိုင်ရတာ မဟုတ်လား။ သီလပျက်လို့ မဖြစ်ဘူး။ ဈေးနူန်းမှန်၊ ပစ္စည်းမှန်၊ ဆက်ဆံရေးမှန်ဆိုတဲ့ မှန်(၃)မှန်ဟာ အရေးကြီးလှပါတယ်။

လောဘတက်လွန်းတဲ့ ဈေးသည်မှန်သမျှဟာ မကြီးပွားဘဲ ဆုတ်ယုတ်သွားတာ မြင်ရတယ်။

ငွေဆိုတာ လောဘဇောနဲ့ မောကြီးပန်းကြီး ရှာရင်မရတတ်ဘူး။ ပုံမှန် ရှာရတယ်။ မျက်ခြေမပြတ် လုပ်ရတယ်။

သည်ကုန်သည်ဟာ သည်လောက်ပဲ မြတ်သင့်ရင်သည်လောက်ပဲ အမြတ်ယူပါ။ ပိုမြတ်ချင်ရင် မှန်းထားသလောက် မမြတ်ဘူး။ တစ်ခါတစ်လေ၊ တစ်ရက်တလေ မြတ်တာကို မကြည့်ပါနဲ့။

ဆင်းရဲဒုက္ခ မှန်သမျှဟာ လိုချင်မူ လောဘတွေကြောင့်ချည်းပဲဖြစ်တာ။ အဲ့ဒါကြောင့် လောဘကြီးလေ ဒုက္ခကြီးလေ ဖြစ်တယ်။ လောဘနည်းမှ ဒုက္ခနည်းတယ်။

အချို့ကုန်သည်ကြီးတွော လောဘသိပ်ကြီးတယ်။ ကုန်ပစ္စည်းတွေကိုလည်း ငွေအင်အားနဲ့ ချုပ်ဝယ်ထားပြီး ဈေးမတက် တက်အောင် လုပ်ချင်တယ်။ အဲဒါက ကုန်သည် သီလကို ချိုးဖောက်တာ။ စားသုံးသူကို မညှာရုံမကဘူး။ ကိုယ်ဘ၀တူ ကုန်သည်အချင်းချင်း အပေါ်မှာလည်း သစ္စာမဲ့တာ ဖြစ်တယ်။

လေးလေးနက်နက် တွေးရင် သည်လိုအပြုအမူတွေ မပြုသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရပ်နဲ့ရွာနဲ့ ဆွေနဲ့မျိုးနဲ့ ဆက်ဆံနေရတဲ့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ကောင်းရုံ၊ ကိုယ်တစ်ယောက်တည်း ကြီးပွားရုံ၊ ကိုယ်တစ်ယောက်တည်း ချမ်းသာရုံ၊ ကိုယ်တစ်ယောက်တည်း ပြည့်စုံရုံနဲ့ ဖြစ်မလား။ ကိုယ်ကြွယ်ဝရုံနဲ့ ချမ်းသာအေးငြိမ်းမူရတာ မဟုတ်ဘူး။

မြတ်သင့်သလောက် အမြတ်ယူပြီး အများအပေါ် စေတနာထားမှသာ မှန်မယ်။

မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက စီးပွားရှာနည်းကို သည်လို ဆိုမိန့်ခဲ့တယ်။

“စီးပွားဥစ္စာ ရှာတယ်ဆိုတာ လူချမ်းသာအောင် ရှာတာဖြစ်တယ်။ စီးပွားရှာမူကြောင့် ကိုယ်စိတ်ဆင်းရဲလွန်းရင် လည်းကောင်း၊ စိတ်ဆင်းရဲနေရင် လည်းကောင်း၊ စီးပွားရှာရကျိုး မနပ်ပါ။ ဒါကြောင့် ကိုယ်လည်း သိပ်မဆင်းရဲ၊ စိတ်လည်းချမ်းသာနိုင်နည်းကို စဉ်းစားကြပါ”

“ဒီဘ၀ စီးပွားရှာမူကြောင့်၊ နောင်ဘ၀ သံသရာမှာ (သီလပျက်၍) အပါယ်(၄)ပါး သွားရမယ်ဆိုရင်ကား သာ၍ ၀မ်းနည်းစရာ ကောင်းပါတယ်” လို့ ဟောကြားခဲ့ဖူးပါတယ်။

အတိုကို မကြည့်ဘဲ အရှည်ကို ကြည့်ပြီး လောဘဇော မကပ်ကောင်းဘူး။

ကောင်းရောင်း၊ ကောင်းဝယ်၊ ကုန်သည်၊ ဈေးသည် ဘ၀ဟာ သမ္မာအာဇီဝဖြစ်ပြီး မွန်မြတ်ပါတယ်။ လုံ့လ၊ ၀ီရိယ၊ သီလနဲ့အတူ မြတ်အောင်လည်းရှာ၊ လှူလည်းလှူ၊ စားလည်းစား၊ လူ့ဘ၀နဲ့ နေထိုင်းသွားရတာ ကောင်းလှပါတယ်။

တစ်ချက်ပဲ သတိထားရမယ်။

ဘ၀ရှည်ကြီးကို ကြည့်သူတိုင်း၊ ဒီတစ်ဘ၀ အတိုကလေးကိုသာ မကြည့်ရဘူး။ ဒီဘ၀အတွက် စားဝတ်နေရေး အတော်အတန်ပြည့်စုံရင် တော်နိုင်တယ်။ သံသရာအတွက်ကတော့ ကုသိုလ်များလေ နောင်ဘ၀ ကောင်းလေပါပဲ။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment