ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 2 July 2011

သီလပျက်တဲ့ လောင်းကစား

ဖဲသမားစကားမှာ “ငွေထိုးရင် ငွေလျော်၊ လေထိုး လေလျော်” လို့ ဆိုတယ်။ ထိုးတဲ့ငွေဟာ ကိုယ့်ငွေဖြစ်ပြီး၊ လျောတဲ့ငွေကတော့ အခြားသူဆီက ငွေပါပဲ။

ဒါလည်း ရင်းရတာပဲလို့ ယူဆစရာ ဖြစ်ပေမယ့်လို့ ငွေကို စထိုးကတည်းက၊ စပြီးကစားတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ငွေကို ပေးချင်လို့မှ မဟုတ်ဘဲ။ လိုချင်တဲ့ဆန္ဒဆိုတာ ရှင်းနေပါပြီ။ သူများငွေကို လိုချင်တဲ့စိတ် ရှိတာနဲ့ ကိုယ့်ရဲ့ အကျင့်သီလဟာ ပျက်နေပါပြီ။

“ဖဲကြွေးကို ဖဲဝိုင်းမှာပဲ တောင်းရတယ်” ဆိုတာ...လောင်းကစားသမားရဲ့ အကျင့်သီလပျက်ရာကနေ ဖြစ်လာတဲ့ စကားပါ။

အချို့က ပြောတယ်။ လောင်းကစားသမားက အရက်သမားထက် ဆိုးတယ်။ ဘ၀ပျက်မြန်၊ စီးပွားပျက်မြန်တယ်တဲ့။

အဲဒါ ဘာဖြစ်လို့လဲဆိုတော့ အရက်သမားဟာ သူတစ်နေ့လုံးသောက်တောင် နှစ်ပုလင်းပေါ့။ သိပ်သောက်နိုင်ရင် သုံးပုလင်းပေါ့။ လောင်းကစားသမားဟာ သုံးနာရီထဲနဲ့ ရက်ရက်စက်စက် လောင်းကစားရင် စည်းစိမ်ရှိသမျှ ကုန်နိုင်တယ်။ အိမ်တိုင်ကိုပါ ချွတ်ရတတ်တာမျိုး ရှိတယ်။

လွယ်လွယ်ရ လွယ်လွယ်သုံး -

မြန်မြန်ကုန်၊ မြန်မြန်ရှာတော့ မဟုတ်တာတွေကိုပါ လုပ်မိလာရော။ လိမ်လို့ ရရင်လိမ်။ ခိုးလို့ရရင်ခိုး။ လုလို့ရရင်လုပဲ။ အကုသိုလ် တစ်မျိုးပြီးတစ်မျိုး ဆက်လုပ်တယ်။

လောင်းကစားဟာ သီလ မြန်မြန်ပျက်စေနိုင်တဲ့ ကိစ္စမျိုးပါ။ အလောင်းအစားက ရတဲ့ငွေကို အလကား ရတာပဲ သဘောထားပြီး မဆင်မခြင်သုံးသလို ရူံးပြန်တော့လည်း ရူံးတဲ့ငွေ ပြန်ရချင်တဲ့ အတွက် ၀ိသမလောဘတွေ ၀င်လာပြန်တော့တယ်။

ဘောလုံးပွဲတွေမှာ ပွဲကြည့်သူအချို့ လောင်းကစားကြရာကနေ တစ်ဆင့် အားကစားသမားတွေဆီကိုပါ ကူးစက်လာတယ်။

လောင်းကစားကြောင့် ဘောလုံး အဆင့်အတန်းတွေ တိုးတက်ရမှာ မတိုးတက်တော့ဘူး။ အကျင့်သီပျက်တဲ့ ဘောလုံးသမားတွေ ပေါ်ပေါက်လာကုန်ကြတယ်။ အဲသည် ကိစ္စက တစ်သင်းတစ်ဖွဲ့တည်း နာတာ မဟုတ်ဘူး။ တိုင်းပြည် အားကစားပါ နာလာတယ်။ အပြစ်ပေးခံရမှ နောင်တရကြတဲ့ ဘောလုံးသမားတွေရှိသလို အချို့က နောင်တမရဘဲ ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

လူတစ်ယောက်ကို လောင်းကစားမှန်း သိတာနဲ့ အပေါ်ကယှဉ် အထဲကကြဉ် ပေါင်းပါ။ လုံးဝ မပေါင်းဘဲ နေနိုင်ရင် ပေါင်းကို မပေါင်းပါနဲ့တော့။

ကောင်းမူနဲ့ယှဉ်တဲ့ မိတ်ဆွေတွေ မရေတွက်နိုင်အောင် များပြားလေလေ၊ ကောင်းလေဖြစ်တယ်။ မကောင်းမူနဲ့ ယှဉ်တဲ့ မိတ်ဆွေတစ်ယောက် တိုးလာရင် များစွာသော ဒုက္ခကို ဖြစ်စေနိုင်ပါတယ်။ လောင်းကစားသမားနဲ့ တွဲရင် စိတ်ယောင်တတ်တယ်။ သူနိုင်တဲ့အလှည့် ကိုယ်ရောသုံးရင်း၊ လိုက်ပျော်ရင်းက နည်းနည်းပဲ။ နောင်ကျတော့ လောင်းကစားသမားကြီး ဖြစ်ရော။ ဖြစ်တော့ သီလကို ဘယ်လိုပဲ ဖောက်ရဖောက်ရ ဖောက်တော့တယ်။

ပညာရှိတွေက လောင်းကစာသမားစိတ်ဟာ မျောက်စိတ်နဲ့ တူတယ်လို့ ဆိုတယ်။ သစ္စာမတည်၊ မည်သည့်အရာမှ တည်ကြည်မူ မရှိသဖြင့် မျောက်စိတ်နဲ့ နိုင်းတာပဲ။

ဘာဖြစ်လို့ မတည်ကြသလဲ၊ ငွေဆိုတာက လွယ်လွယ် ရှာရတာ မဟုတ်တဲ့အတွက်ပါ။ ခက်ခက်ခဲခဲ ရှာရတဲ့ငွေကို လွယ်လွယ်ကူကူ ကုန်သွားအောင်၊ ရသွားအောင် လုပ်သွားကြလို့ပါ။

လောင်းကစားလုပ်တာဟာ ဒုစရိုက်ကို မရှက်တာဘဲ။ ဒုစရိုက်ကို မရှက်မကြောက်ရင် အကုသိုလ်တွေ အောင်မြင်လွယ်တော့တာပေါ့လေ။ အကုသိုလ်တွေ အောင်မြင်တာနဲ့အမျှ အန္တရာယ်တွေက ကြီးလာရော။

တရားတော်မှာပါတဲ့ လောင်းကစား အပြစ်ခြောက်ပါးမှာ -


နိုင်သော် ရန်ပွား၊


ရူံးသော် စိုးရိမ်၊


မျက်မှောက်သော် ဥစ္စာရူံး၊


စာမတည်၊ အိပ်နေမဖြောင့်၊


နိုင်သူကို ရူံးသူက ဆွဲလွဲပုတ်ခတ်တတ်၊


တစ်ဦးနှင့်တစ်ဦး ရန်ငြိုးထား - ရယ်လို့ တရားစကား ရှိပါတယ်။

လောင်းကစားသမားလောက် ရန်များတာ မရှိဘူး။ တကယ်တမ်း နေရာတကာ လျှောက်ကစားလေ ရန်တွေ့လေပဲ။ နေရာမရွေးတဲ့ လောင်းကစားသမားဟာ အလုခံ၊ အရိုက်ခံ၊ အညစ်ပတ်ခံရတာ များတယ်။

တခါတလေကျတော့ ငွေရူံးတော့၊ ရူံးမဲ မဲပြီး ပြောမိရာက စကားများကြတာ ဖြစ်တယ်။

နိုင်နေတဲ့သူပဲဖြစ်စေ၊ လောင်းကစားနဲ့ပဲ အကျိုးပေးပေး၊ အရပ်ထဲမှာ သည်လူ ဖဲသမား၊ ဂျင်သမား၊ ဘာပဲ၊ ညာပဲ၊ အပြောခံရရင် သူနဲ့ ပတ်သက်တဲ့ မိသားစုတွေ မျက်နှာငယ်ရတာပဲ။ အရပ်ထဲက အသုဘတွေမှန်သမျှမှာ တွေ့နေရရင် လောင်းကစားသမားမှန်း သိကုန်ကြတော့တာပေါ့

ငွေမျော ငွေနဲ့လိုက်၊ လှေမျော လှေနဲ့လိုက်လို့ ပြောတတ်တဲ့ စာရေးသူရဲ့ မိတ်ဆွေကြီးတစ်ဦးဟာ ဘ၀ပျက် အိမ်ရောင်းပြီး၊ မျောသွားလိုက်တာ ရန်ကုန်ကနေ ဟိုပင်လယ်ဝက ရွာကလေးမှာ ချွေးမတစ်ယောက်ဆီ ကပ်နေရတဲ့ အပြစ်ပဲ။ မျောလိုက်တဲ့ အမျောဟာ ပင်လယ်ဝမှာပဲ ရပ်တယ်။

စာရေသူနဲ့ ဆိပ်ကမ်းမှာ တစ်ခါက ပြန်ဆုံကြတယ်။ “ငွေမျောတာ ငွေနဲ့မလိုက်ဘဲ၊ စက်လှေနဲ့ လိုက်တော့မလား။ အခုရော ကစားသေးသလား”လို့ နောက်ပြောင်မေးမိတာကို သူက ဘာပြန်ပြောလဲ သိလား။

“ငွေမျောတာ ငွေနဲ့ မလိုက်နိုင်တော့ စက်လှေနဲ့ ပင်လယ်ဝက ခင်မယ်လှတို့ရွာ သွားရတာပေါ့။ ကျွန်တော် အခုဖဲမကစားတော့ဘူး။ အဲဒါ မယုံရင် ခင်ဗျား လောင်းမလား” တဲ့။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment