ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 18 July 2011

၎ - မဉ္ဇိဋ္ဌက၀ဂ် (၁ - မဉ္ဇိဋ္ဌက၀ိမာန၀တ္ထု)

၆၈၉။ နတ်သမီး သင်သည် ရွှေသဲခင်းထားသော မြေအဘို့ရှိသော မောင်းသော အရောင် ရှိသော ဗိမာန်၌ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာဖြင့် မွေ့လျော်နေဘိ၏။

၆၉၀။ (သင်၏ သုစရိုက် ကုသိုလ်တရားက) ဖန်ဆင်းထားသော ရတနာဖြင့်ပြီးသော ထိုဗိမာန်မှ ဆင်းသက်ပြီးလျှင် အခါခပ်သိမ်းပွင့်သော အင်ကြင်းတောသို့ သက်ဝင်ဘိ၏။

၆၉၁။ နတ်သမီး သင်သည် အကြင်အကြင် အင်ကြင်းပင်ရင်း၌ ရပ်တည်နေ၏၊ သစ်ပင်တကာ တို့ထက် မြတ်သော ထိုထိုအင်ကြင်းပင်သည် အောက်သို့ ကိုင်းညွတ်လျက် ပန်းတို့ကို ရွေချ၏။

၆၉၂။ သင်၏ အင်ကြင်းတောသည် လေကြောင့် လူပ်၏၊ လေညှင်း တိုက်ခတ်၏၊ ငှက်အပေါင်းသည် မှီဝဲအပ်၏၊ ထိုအင်ကြင်းတော၏ ရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လိုင်၏။

၆၉၃။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကိုငါမေး၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၉၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အရှင်သခင်အိမ်၌ ကျွန်မဖြစ်ခဲ့ဘူးပါ၏၊ ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ပါ၏။

၆၉၅။ အကျွန်ုပ်သည် အင်ကြင်းပန်းတို့ဖြင့် ပြီးသော ကောင်းစွာပြုအပ်သော ဦးဆောက်ပန်းကိုလည်း မြတ်စွာဘုရားအား ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ကိုယ်ထိ လက်ရောက် ကပ်လှူခဲ့ပါ၏။

၆၉၆။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မူကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ရှေးဦးစွာသော မဉ္ဇိဋ္ဌက၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment