ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 18 July 2009

" (၁၀) ရက်အတွင်းပျော်ရွှင်လာရမည် "

စိတ်ညစ်နေပါသလား..မိတ်ဆွေသေချာဖတ်ကြည့်ပါ..ပျော်ရွှင်လာရမည်..

glitter-graphics.com




စိတ်ညစ်နွမ်းနေပါသလား။
စိတ်ညစ်ရင် အလုပ်အကိုင်ပျက်တယ်။
လူလည်းပိန်ချုံးတယ်။
ဒီတော့ ပျော်ရွှင်ဖို့လိုတယ်။
ဒီနေ့ကစပြီး (၁၀)ရက်အတွင်း ပိုမိုပျော်ရွှင်လာစေမယ့် နည်းလမ်းလေးတွေ ကောက်နုတ်ဖော် ပြလိုက်ပါတယ်။

ပထမနေ့
အိပ်ရာမှပျော်ရွှင်စွာထပါ။
အိပ်ပျော်နေရာက နိုးနိုးချင်း ပြုံးလိုက်ပါ။ မျက်လုံးတွေမဖွင့်ခင်ပြုံးရမှာနော်။ အိပ်ရာကနိုးလာပြီး မျက်လုံးမဖွင့်ခင်မှာ သတိထားပြီး ပြုံးရမှာပါ။ အဲဒါဆိုရင် ကျန်တဲ့နေ့တစ်နေ့လုံး ကောင်းသော စိတ်မနောတွေကိ ပိုင်ဆိုင်ရပါလိမ့်မယ်။ အနုတ်လက္ခဏာနဲ့ နေ့တစ်နေ့ကို စရင် အနုတ်လက္ခဏာတွေပဲရပါမယ်။
(ဒါက မြန်မာအယူနဲ့လည်း ကိုက်ညိတယ်။ မြန်မာတွေက မနက်စောစောမှာ မကောင်းတာ မပြောရ၊ မလုပ်ရပါ။ မင်္ဂလာမရှိဘူးတဲ့။ မင်္ဂလာရှိတာတွေပဲ ပြောရမယ်တဲ့။)
လေ့ကျင့်ရန်။ ။
အဲဒီလို နေ့စဉ်အပြုံးနဲ့စတင်နိုင်ဖို့ ဘာလိုအပ်သလဲလို့ သင့်ကိုယ်သင်မေးပါ။

ဒုတိယနေ့
အချိန်အနည်းငယ်ခိုးပါ။
* တစ်နေ့မှာ (၁၄၄၀)မိနစ် ရှိပါတယ်။ ဒါပေမဲ့ သင့်အတွက် မိနစ်ဘယ်လောက်များရသလဲ။ ပြေး ပြေးလွှားလွှား လုပ်နေခြင်းတွေဟာ ဘာမှဖြစ်မလာဘူး။ ဒီတော့ လျှော့ချပါ။
* တစ်နာရီလုပ်ရမယ့်အလုပ်ကို မိနစ် (၃၀)နဲ့ ပြီးအောင်လုပ်နေရင် သင့်ကိုယ်သင် ဖိအားပေး နှိပ်စက်နေတာသာဖြစ်တယ်။ ဒါကြောင့် အမှန်အတိုင်းလုပ်ပါ။
* ပြေးလွှားခြင်းပူပန်မှုတွေကို မျှဝေပါ။ သင့်အိမ်ထောင်ဖက်က သင်ဘယ်လောက်စိတ်ဖိစီးနေ တယ်ဆိုတာ ဖွင့်မပြောရင် သိမှာမဟုတ်ဘူး။ ဒါကြောင့်ဖွင့်ပြောပါ။

သက်သာတဲ့အလုပ်လုပ်ပါ။
ယောဂကျင့်စဉ်ဖြစ်စေ၊ ၀ိပဿနာဖြစ်စေ၊ ရေကူးတာဖြစ်စေ စိတ်လျှော့ချတဲ့အလုပ်လုပ်ပါ။

လေ့ကျင့်ရန်။ ။
ဘ၀စက်ဝိုင်းကြီး။
ဒီစက်ဝိုင်းကြီးကို သင်နိုးနေတဲ့နာရီတွေကိုယ်စား(၁၆)ပိုင်း ပိုင်းလိုက်ပါ။ အလုပ်ထဲမှာ သင် ဘယ်လောက်အချိန်သုံးကြောင်းပြဖို့ ဆေးခြယ်ပါ။ ပြီးတော့ အိမ်အလုပ်တွေလုပ်တာ ဘယ် လောက်၊ ကလေးထိန်းတာ ဘယ်လောက်၊ ခရီးသွားတာ၊ အနားယူတာ စသဖြင့် ဆေးရောင် ခြယ်ပြီးပြပါ။ အပိုင်းတစ်ခုစီကို သင်ဘယ်လောက်ပျော်ရွှင်မှုရကြောင်း (၁) မှ (၁၀)အထိ အမှတ်ပေးပါ။ ဒီအခါ သင့်ကို တကယ်တမ်းပျော်ရွှင်မှုပေးတဲ့ ကိစ္စအတွက် အသုံးပြုနေ၊ မနေမေးပါ။

တတိယနေ့
သင့်ကိုယ်ကို သင်ယုံကြည်ပါ။
ဒီလိုမိမိကိုယ်မိမိ ယုံကြည်ခြင်းကို အကောင်းမြင်ဝါဒသမားတွေ ကျင့်သုံးကြတယ်။ အကောင်း မြင်ဝါဒရဲ့အဓိပ္ပာယ်က အရာရာကို မိမိကြိုးစားရင် ဖြစ်လာနိုင်တယ်ဆိုပြီး မျှော်လင့်ခြင်းဖြစ် တယ်။ ဒီလိုမျှော်လင့်တဲ့အတွက် အရူံးတွေကိုပြန်ပြီး အနိုင်ဖြစ်အောင်လုပ်ဖို့ပေါ်လာတယ်။ လေ့လာချက်အများအပြားအရ အကောင်းမြင်ဝါဒဟာ မြင့်မြင့်မားမားလုပ်ဆောင်နိုင်မှုနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။ ကျန်းမာရေ ပိုကောင်းလာမယ်။ စိတ်ဓာတ်ကျမှု လျော့ပါး သွားမယ်။ စိုးရိမ်သောက လျော့သွားမယ်။ ဒီတော့ ဒါကိုကျင့်နိုင်ဖို့ သင်ယူထိုက်ပါတယ်။

လေ့ကျင့်ရန်။ ။
ပျော်ရွှင်ရန် အောက်ပါ (၆)မျိုးကိုတွေးပါ။
(၁) ကိုယ့်ကိုချစ်တဲ့လူအကြောင်း စဉ်းစားပါ။
(၂) ကိုယ်ကချစ်တဲ့လူအကြောင်း စဉ်းစားပါ။
(၃) တစ်ယောက်ယောက်ကို စေတနာထားမိတဲ့အချိန်ကို စဉ်းစားပါ။
(၄) တစ်ဦးတစ်ယောက်က သင့်ကိုစေတနာထားတဲ့ အချိန်ကို စဉ်းစားပါ။
(၅) မိမိနေထိုင်တဲ့နေရာက မိမိကြိုက်တဲ့အရာတစ်ခုအကြောင်း စဉ်းစားပါ။
(၆) မိမိကိုယ်မှာရှိတဲ့ ဂုဏ်ယူထိုက်တဲ့အကြောင်းတစ်ခုကို စဉ်းစားပါ။

စတုတ္ထနေ့
ကြိုက်တာလုပ်ပါ။
အကောင်းမြင်စိတ် ပညာဆရာများရဲ့ အဆိုအရ သိပ်ပျော်ရွှင်တတ်တဲ့လူတွေဟာ ပိုလှလို့ လည်းမဟုတ်ဘူး။ လူမှုရေးပြေလည်လှတာလည်း မဟုတ်ဘူး။ အောင်မြင်တဲ့လူတွေလည်း မဟုတ်ပါဘူး။ သာမန်ထက် ဘာမှမပိုပါဘူး။ သူတို့ဟာ သူတို့ကို ဘယ်အရာကပျော်ရွှင်စေ သလဲဆိုတာ တွေ့ရှိခဲ့ကြသူများဖြစ်တယ်။ သူတို့ဘ၀မှာ အဲဒါထက်ပိုပြီးလည်း ရယူတတ်သူ များ ဖြစ်ပါတယ်။

လေ့ကျင့်ရန်။ ။
သင်မြတ်နိုးတာကို လုပ်ပါ။
* အခုမလုပ်တော့ဘဲ အရင်ကနှစ်သက်စွာလုပ်ခဲ့ဖူးတာကို ပြန်လည်သတိရပါ။
* အဲဒါကို အခုဘာဖြစ်လို့မလုပ်တော့တာလဲ။
* အခုအပတ် သင်လုပ်သင့်တဲ့ အလုပ်ကို ရွေးပါ။ ဒိုင်ယာရီမှာ ရေးချထားပါ။
* အထက်ပါချမှတ်ထားချက်ကို ဆက်လက်ဆုပ်ကိုင်ထားပါ။
ပြဿနာကို လျှောက်ပြောနေခြင်းဟာ အဖြေမရပါဘူး။ ဒါပေမဲ့ ကောင်းပါတယ်။ ဆိုးတာကတော့ ညည်းညူပြစ်တင်ခြင်းပါပဲ။ ဒါမျိုးက ကိုယ့်အင်အားကိုလည်း လျှော့စေတယ်။ တခြားလူဆီလည်း ကူးစက်စေတယ်။ ဒါကြောင့်ညည်းညူပြစ်တင်ခြင်းဟာ မကောင်းပါဘူး။

ပဉ္စမနေ့
အဓိပ္ပာယ်ရှိတာ တစ်ခုခုလုပ်ပါ။
လွန်ခဲ့တဲ့နှစ်က သင်ဝယ်ခဲ့တဲ့ လက်ကိုင်အိပ်ကို သတိရပါ။ အဲဒီအိတ်က သင့်လစာရဲ့တစ်ဝက် ပေးခဲ့ရတာပါ။ အခုအချိန်မျာ ၀ယ်ခါစတုန်းကလို ဒီအိတ်အပေါ်မှာ စိတ်လှုပ်ရှားမှု မရှိတော့ ဘူး။ ဒါဘာကြောင့်လဲဆိုတော့…။
၁။ ကျွန်မတို့ဟာ ပစ္စည်းကောင်းတွေသုံးနေကျ ဖြစ်တယ်။ ပိုကောင်းတာကို သုံးချင်တယ်။
၂။ ငွေ….။ဒေါ်လာ (၁၅၀၀) တန်အိတ်ပဲဖြစ်ပါစေ၊ ပျော်ရွှင်မှုကိုငွေနဲ့ ၀ယ်လို့မရဘူး။ ဒီတော့ ပျော်ရွှင်မှုကို ဘယ်မှာတွေ့နိုင်သလဲ။ အမေရိကန်က ပျော်ရွှင်မှုဆိုင်ရာပညာဆရာကြီးတစ်ဦး ဖြစ်တဲ့ မာတင်စီလီမင်းက ပြောခဲ့ပါတယ်။ ပျော်ရွှင်မှုဆိုတာမှာ သုံးမျိုးပါဝင်နေတယ်တဲ့။ သာ ယာခြင်း၊ ငြိတွယ်ခြင်းနဲ့ အဓိပ္ပာယ်ရှိခြင်းတို့ပါပဲတဲ့။ ဘ၀မှာ သာယာနေတယ်ဆိုရင် ဘာပဲဖြစ် ဖြစ် သင်ပျော်မှာပါ။ ငြိတွယ်တယ်ဆိုတာ အလုပ်တစ်ခုခုလုပ်နေတာမျိုး ၊ လှုပ်ရှားမှုတစ်ခုခုမှာ နစ်နေရင် အချိန်တွေက အလိုလိုကုန်သွားတယ်။ ဒီတော့ စိတ်ညစ်စရာ မတွေးမိတော့ဘူး။ အဓိပ္ပာယ်ရှိခြင်းဆိုတာကလည်း သင်လုပ်နေတဲ့အလုပ်ဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲလို့ ယုံကြည်တာမို့ လုပ်ရတာပျော်ပါတယ်။ ဒီ (၃) မျိုးကို စစ်ဆေးပြီး သင့်ဘ၀မှာ အဲ့ဒီ (၃)မျိုး ချိန်ခွင်လျှာညီရဲ့လားလို့ ကြည့်ပါ။

လေ့ကျင့်ရန်။ ။
သင်အမှန်တကယ်လိုချင်တာကို တွေ့အောင်ရှာပါ။
လောလောဆယ်သင့်ရည်မှန်းချက်များကို စာရင်းပြုစုပါ။
ဥပမာ- စပိန်ဘာသာစကား သင်မည်။
အကြွေးတွေဆပ်မည်။
ကိုယ်အလေးချိန် (၅) ပေါင်ချမည်။
အိမ်မှာ အချိန်ပိုနေမည် စသဖြင့်…
အထက်ပါ ရည်မှန်းချက်များကို အရေးကြီးမှု (၁)မှ (၁၀)အထိ အမှတ်ပေးပါ။ (၁)မှတ်ဆိုတာ သိပ်စိတ်မပါတာ။ (၁၀)မှတ်ဆိုတာ တကယ်လုပ်ချင်တာ။)
*သင်လုပ်ပါမယ်လို့ ကတိခံထားပြီး မလုပ်ဖြစ်တဲ့အခါတိုင်းမှာ သင့်ကိုယ်သင် မလေးစားခြင်းနဲ့ မပျော်ရွှင်ခြင်းကိုရမယ်။

ဆဌမနေ့
ပြန်ကြည့်ပါ။
သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ခရီးတစ်ဝက်မှာ တစ်ချက်လောက်ငဲ့ကြည့်လိုက်ပါ။ အဲဒီအခါ ပုံပေါ်လာပါလိမ့်မယ်။

လေ့ကျင့်ရန်။ ။
* ဘယ်အရာက သင့်ကို ကျဆုံးစေသလဲ။ ဘာကြောင့်လဲ။
* ဘယ်အရာက သင့်ကို ယုံကြည်မှုလျော့ပါစသေလဲ။
* ဘယ်အရာက သင့်စိတ်ဓာတ်ကို တက်ကြွစေသလဲ။
* ပျော်ရွှင်ခြင်းအဓိပ္ပာယ်ဟာ သင့်အတွက် ဘယ်အရာလဲ။
* သင့်ပျော်ရွှင်မှုကို ဖျက်ဆီးတဲ့အရာတွေက ဘာတွေလဲ။
* သင်ပျော်နေရင် ဘယ်လိုပြုမှုသလဲ။
* အခုအခါ သင့်ပျော်ရွှင်မှုတိုးလားအောင် ဘာလုပ်နိုင်သလဲ။
တစ်ခုခု လုပ်နိုင်တယ်ဆိုရင် အဲဒီအပြုသဘောဆောင်တဲ့ကိစ္စကို တစ်နေ့တာလုံးလုပ်ပါ။ သင့်ကို အဆင့်တိုင်းမှာ တိုးတက်စေပါတယ်။

သတ္တမနေ့
မေတ္တာအနည်းငယ်ဖြန့်ဝေပါ။
လူတွေဟာ မေတ္တာကို ရှာနေကြသူတွေပါ။ ချီးကျူးမှုကို ငတ်မွတ်နေကြသူတွေပါ။ ဒီလိုပြော တာကိုမယုံရင် သင့်ကိုလှလိုက်တာလို့ အပြောခံရတဲ့အချိန်တုန်းက ဘယ်လိုခံစားရလဲ စဉ်းစား ကြည့်ပါ။ သင်တစ်ခုခုလုပ်လိုက်တာကို ချီးကျူးခံရတုန်းက ဘယ်လိုခံစားရလဲ စဉ်းစားပါ။ သင့်ကိုမထောက်ခံတဲ့အခါ သင်ဘယ်လောက်စိတ်ဓာတ်ကျသွားသလဲ စဉ်းစားပါ။ တကယ်လို့ သင့်ဘ၀မှာ တစ်ခုခုလိုနေတယ်လို့ခံစားရရင် မေတ္တာရယ်၊ နွေးထွေးမှုရယ်နဲ့ ဖြည့်လိုက်ပါ။ စူပါမားကက်မှာ ဈေးသွားဝယ်ရင် ငွေရှင်းကောင်တာက စာရေးမကို ပြုံးပြလိုက်ပါ။ သင့်မိခင် ကိုဖြစ်စေ၊ သူငယ်ချင်းဟောင်းတစ်ဦးကို ဖြစ်စေ နေကောင်းရဲ့လားဆိုတာလေး ဖုန်းဆက် လိုက်ပါ။ အရေးအကြီးဆုံးကတော့ သင့်ကိုဒုက္ခပေးတဲ့လူကို ခွင့်လွှတ်လိုက်ပါ။

လေ့ကျင့်ရန်။ ။
ခွင့်လွှတ်နိုင်ရေး (၃)ချက်
(၁) တက်နိုင်သမျှ မှန်မှန်ကန်ကန် ရိုးရိုးရှင်းရှင်းနဲ့ အဖြစ်အပျက်ကိုချရေးပါ။
ဥပမာ။ ။ အမေက အရက်စွဲနေတယ်။
အဖေက ငါ့ကိုအလွဲသုံးစားလုပ်တယ်။
(၂) အခြေအနေကို အပြစ်မတင်ဘဲ လက်ခံလိုက်ပါ။
သင့်ကိုသင်လည်း အပြစ်မတင်ပါနဲ့။
(၃) ဒေါသနဲ့အပြစ်ကို ဖယ်ရှားပါ။ ခွင့်လွှတ်တယ်ဆိုတာ ဆက်လုပ်နေရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုလုပ် အခုပြီးသွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အေးလေ အခုအချိန်မှာတော့ ငါခွင့်လွှတ်နိုင်ပါတယ်။ နောက်တော့ မသိဘူး လို့ပြောထားပါ။

ဆဋ္ဌမနေ့
သာယာမှုရှာဖွေသူ ဖြစ်လာပါစေ။
ပျော်ရွှင်မှုရတယ်ဆိုတာ မိမိကိုယ်မိမိ ပျော်လာအောင်၊ သောကတွေကို ခါထုတ်ပစ်ရမှာဖြစ်ပါ တယ်။

လေ့ကျင့်ရန်။ ။
ပျော်ရွှင်မှုရခြင်းရဲ့ အဓိပ္ပာယ်ဟာ
* သင့်ကိုယ်သင်ပျော်ရွှင်ဖို့ အချိန်ယူခြင်း။
* စိတ်ခေါ်မှုတွေ၊ အခက်အခဲတွေဖြစ်နေချိန်မှာ သက်သက်သာသာနေဖို့ သင်ယူခြင်း။
* လူတွေဘာထင်ထင် ဥပေက္ခာပြုခြင်း။
* သင့်ကိုယ်သင်လည်းကျေနပ်နေရမယ်။ သူများတွေကိုလည်း လက်ခံရမယ်။ အားလုံးကို နားလည်လိုက်ရမယ်။
* အခုစိတ်ပူရတာ တန်ရဲ့လား။
သင့်ခေါင်းပေါ် အပူထုပ်ကျလာရင် အဲဒီလိုစဉ်းစားပါးး။
ဒီကိစ္စကို ဒါလောက်ပူစရာလိုလို့လား။ (ဒါလေးများပေါ့)

# ဒါ တကယ်အရေးပါလို့လား …..(နိုး)
# ဒါ တကယ်အရေးပါလို့လား …..(ဟုတ်တယ်)
# ဒါ နောက်အပတ်မှာ အရေးကြီးလာမှာလား …..(နိုး)
# ဒါ နောကအပတ်မှာ အရေးကြီးလာမှာလား …..(ဟုတ်တယ်)
ဒါဆိုရင် ဒါကိုရှင်းဖို့ ဘာလုပ်နိုင်သလဲ။

န၀မနေ့
အိပ်မက်များကို အကောင်အထည်ဖော်ပါ။
ပျော်နေတဲ့လူတွေဟာ ရှင်သန်နေတတ်မြဲဖြစ်တယ်။ တကယ်လို့ သင်စိတ်ညစ်နေတယ်ဆိုရင် အလွယ်ဆုံးနည်းကတော့ တစ်ခုခုကောက်လုပ်လိုက်ဖို့ပါပဲ။ အသစ်တစ်ခုဆိုရင် ပိုပြီးကောင်း ပါတယ်။

လေ့ကျင့်ရန်။ ။
သင်ပြောင်းလဲချင်တဲ့ ဘ၀အနေအထားတစ်ခုကို ရွေးချယ်ပါ။
သင်ဖြစ်ချင်တာကို အတိအကျရေးပါ။
သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သင့်မှာရှိသမျှ အရည်အသွေးတွေ အားလုံးကို စဉ်းစားပါ။ သင်ောအင်မြင်ဖို့ ဘာတွေပြောင်းပစ်ရမလဲ စဉ်းစားပါ။ ဒီလိုအပေါင်းလက္ခဏာခွန် အားကိုရှာပြီး လှမ်းရမယ့်ခြေလှမ်းကို စဉ်းစားပါ။ သင်ကိုယ်တိုင် ရက်သတ်မှတ်ပါ။ အမှန်အကန် ဖြစ်နိုင်တဲ့အချိန်ဖြစ်ရမယ်။ အဲဒီအခါ နောက်ဆက်တွဲတွေ အလိုလိုဖြစ်လာပါ လိမ့်မယ်။

ဒသမနေ့
သင့်ခွန်အားကို ချီးမြှင့်ပါ။
လုပ်သမျှအဆင်ပြေနေရင် ပျော်စရာကောင်းတာပါပဲ။
ဒီအခါ သင်ယူပြီးခဲ့တဲ့နည်းလမ်းတွေကို အသုံးပြုပြီး အကောင်းမြင်ဝါဒကို ကျင့်သုံးရပါမယ်။ ဒါဆိုရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

လေ့ကျင့်ရန်။ ။
* သင့်ခွန်အားအမှတ်တံဆိပ် အရည်အသွေးတွေကို စဉ်းစားပါ။
စိတ်ရှည်တတ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဥာဏ်ကောင်းတာ ဖြစ်ချင်ဖြစ်မယ်။ သနားကြင်နာတတ် တာလည်း ဖြစ်နိုင်တယ်။
* နောက်ဆုံး သင်အသုံးပြုခဲ့တဲ့နည်းကို သတိရပါ။
ဘယ်လိုပြန်သုံးနိုင်လဲ စဉ်းစားပါ။
* အခြားလူများနဲ့ မျှဝေခံစားပါ။ သင်လည်း အကောင်းဆုံးဖြစ်အောင်လုပ်ပါ။
* ဒီအကျိုးတရားကို တခြားလူတွေကိုလည်း အခွင့်ပေးပါ။
* သင်တောက်ပလာပြီလို့သိင် သင်ဟာ ငြီးငွေ့ခြင်းကင်းလာတာပဲ။ ပျော်ရွှင်ချမ်းမြေ့မှု ဘက် ကို ရောက်တော့မယ်။ ပိုကောင်းတာကတော့ ဒီနည်းနဲ့ဆက်လက်နေနိုင်ဖို့ သင်ယူပြီးသား ဖြစ်သွားခြင်းပါပဲ။

No comments:

Post a Comment