ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 November 2009

၁၀မိနစ်အတွင်း ချက်ချင်း ပျော်ရွှင်စေနည်း

သင့်ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ၄၀% ဟာ အိပ်စက်ခြင်းကနေ ရရှိတာ ဖြစ်ပါတယ်။ ပြိုင် ဆိုင်မှုတွေ များတဲ့ခေတ်၊ တိုးတက်မှု တွေ မြင့်တဲ့ခေတ်၊ စီးပွားရေးတွေ အပြောင်းအလဲ မြန်တဲ့ ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ လူသားတွေ တဖြည်းဖြည်း မိတ်ဖွဲ့ လာ ကြတဲ့ ရောဂါ တစ်ခုပါ။

ဒီတော့ ဒီခေတ်ကို စိတ်ဖိစီးမှုတွေ များတဲ့ ခေတ်လို့  ပြောရင်လည်း မမှားပါဘူး။ ဒီအဆို မမှားကြောင်း သဘောတူမယ်ဆိုရင် ပျော်ရွှင် သာယာ အေးချမ်းမှုကို အမှန် လိုလားလိမ့် မယ်လို့  ယူဆမိပါတယ်။ အကျဉ်းအကြပ် အခက်အခဲ တွေ့ ချိန်မှာ စိတ်ကို ဘယ်လို ပျော်ရွှင်အောင် ထားရမလဲ ဆိုတာ သိထားသင့်ပါတယ်။

၁။ စိတ်ကို အမိန့် ပေးခြင်း
ကမ္ဘာကျော် စိတ်စွမ်းအား ပညာရှင် ယူရီဂဲလ်လာက ကျွန်ပ်တို့ ရဲ့ ဖုံးကွယ်နေတဲ့ ၉၀% သော စိတ်စွမ်းအင်ကို မသိစိတ်လို့  ခေါ်ကြောင်း ဆိုထားပါတယ်။ ယင်းမသိစိတ်ကို ကောင်းစွာ အသုံးချတတ်မယ်ဆိုရင် သင်ဖြစ်စေချင်တဲ့အတိုင်း အမှန် ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်လို့  ဆိုထားပါတယ်။

Positive Statement တစ်ခု လုပ်လိုက်ပါတဲ့။ အပြုသဘောဆောင်တဲ့ ၀ါကျ တစ်ကြောင်း လောက် စဉ်းစားလိုက်ပါတဲ့။ ဥပမာ- “ငါဟာ အေးချမ်းနေပြီ” လို့  ပြောပေးရမယ်တဲ့။ “ငါ ကြောက်ရွံ့  မနေတော့ဘူး” “ငါ မကြောက်ချင်ဘူး” စတဲ့ အငြင်းစကားတွေ မပြောမိပါစေနဲ့ တဲ့။ ၄င်းဥပမာကို ယူပြီး မိမိနဲ့  လိုက်ဖက် သင့်တော်မဲ့ ၀ါကျဖွဲ့  ပြီး မိမိစိတ်ကို အမိန့် ပေးကြည့်ပါ။

၂။ နေရာရှာခြင်း
တိတ်ဆိတ် အေးချမ်းတဲ့ နေရာ တစ်နေရာ ရှာပြီး သက်တောင့်သက်သာ ရှိစေမဲ့ ခုံတစ်လုံး ယူပြီး ထိုင်ပါ။ မျက်စိ နှစ်လုံးကို မှိတ်ထားလိုက်ပါ။

၃။ စိတ်တွက် တွက်ခြင်း
ထွက်သက် ရှုထုတ်လိုက်တဲ့ အချိန်တိုင်းမှာ ၁၀ ကနေ ၁ အထိ စိတ်တွက် တွက်ပါ။ (မှတ်ချက်။ ။ ၁ ကနေ ၁၀ အထိ မဟုတ်ပါ။ စိတ်တွက်တွက်ရင်း မိမိကိုယ်ကို မိမိ စိတ်အေးချမ်းသာရပြီလို့  ပြောပေးပါ။ ၁ ရောက်ရင် စိတ်လုံးဝ အေးချမ်းသွား ပြီလို့ ယူဆလိုက်ပါ။

၎။ ထပ်ပြန်ရွတ်ဆိုခြင်း
စိတ်ထဲကနေ မိမိ ကိုယ်ပိုင် ဖွဲ့ သီထားသော အပြုသဘောဆောင် ၀ါကျကို ထပ်ခါတလဲလဲ ရွတ်ဆိုပေးရပါမယ်။ ဒီနေရာမှာ (ငါဟာ ပျော်ရွှင်နေပြီ) “I am happy” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ရွတ်ဆို ခိုင်းထားတယ်။ အဲဒီလို ရွတ်ဆိုရင်းနဲ့  မသိစိတ်က နားထောင်ပြီး စကားလုံးလေးတွေကို ရေမြှုပ်တစ်တုံးလို စုပ်ယူ စိမ့်ဝင်စေမှာ ဖြစ်တယ်တဲ့။ ဒီတော့ မသိ စိတ်ကို စကားပြောကြည့်တာ ဘာမှ အကျိုးမယုတ်ပါဘူး။

၅။ အသဲကို အမှန် ပြုခြင်း
မိမိနှုတ်က ထွက်လာတဲ့ အပြုသဘောဆောင် စကားတွေ အမှန်ဖြစ်လာပြီလို့ မြင်ယောင် ပေးရမှာ ဖြစ်ပါတယ်။ “လူတွေဟာ သူတို့ ကို ပျော်ရွှင်ရမယ်လို့  စိတ်ဆုံးဖြတ်ထားတဲ့ အတိုင်း ပျော်ရွှင်ကြရတယ်” လို့  အမေရိကန်သမ္မတ အေဘရာဟမ် လင်ကွန်းက ပြောဖူးတယ်။ ဒါကြောင့် သင့်နှုတ်က ထွက်လာတဲ့ စကားတွေရဲ့ အကောင်အထည်ကို ရုပ်လုံးပေါ်အောင် ကြည့်ပေးဖို့  လိုတယ်။ ဒါမှ အသံကနေ အမှန် ဖြစ်လာပါလိမ့်မယ်။

၆။ တည်ငြိမ်အောင် ကြိုးစားခြင်း
အဲဒီလို ရေရွတ်တဲ့ စကားကို မြင်ယောင်အောင် ကြည့်ရတာ မလွယ်ပါဘူး။ မျောက်စိတ် ဆိုတဲ့အတိုင်း ဟိုခုန် ဒီခုန်နဲ့  အာရုံ ၅ပါး နေရာအတိုင်း ပျံဝဲ နေတတ်ပါတယ်။ မမိမိအောင် လိုက်ဖမ်းဖို့ ကြိုးစားပါ။

၇။ ရှာဖွေ တွေ့ ရှိသွားခြင်း
၁၀ မိနစ်လောက် မြင်ယောင်အောင် ကြည့်ပြီးတဲ့အခါ ၁ ကနေ ၁၀ အထိ ရေပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ပါ။ ပျော်ရွှင်မှုက သင့်လက်ထဲ ရောက်ရှိနေပြီဆိုတာ တွေ့ ရပါလိမ့်မယ်။

Hello Journal

No comments:

Post a Comment