ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 26 August 2009

သူ့ကျေးဇူး ကိုယ့်ကျေးဇူး

ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်၊ အရှင်နန္ဒာမထေရ်၏ ပုဆိုးတစ်ထောင်ရခြင်းကို အကြောင်းပြု၍ ဟောတော်မှုသည်။
ကောသလမင်းကြီး၏ နန်းတော်တွင်း၌ အရှင်အာနန္ဒာအား တရားတော်ကို နန်းတွင်းသူတို့ကို သင်ကြားပေးရန် ကောသလမင်း၏ လျှောက်ထားချက်အရ မြတ်စွာဘုရားက တာဝန်ထားတော်မှုသည်။
တစ်နေ့တွင် ကောသလမင်းအား တစ်ထည်လျှင် အဖိုးတစ်ထောင်ထိုက်သော ပုဆိုးပေါင်းတစ်ထောင်ကို နိုင်ငံခြားမှ ဆက်သလာ၏။ ကောသလမင်းသည် ငါးရာသော မိဖုရားတို့အား ပုဆိုးငါးရာကိုပေး၏။

ထိုမိဖုရားတို့သည် အရှင်အာနန္ဒာမထေရ်အား ပုဆိုးငါးရာကို လှူလိုက်ကြ၏။
နောက်တစ်နေ့ ကောသလမင်း နံနက်စာစားရာသို့ လာကြလျှင် ပုဆိုးအသစ်ကို ၀တ်မလာ၍ မင်းကြီးက မေး၏။ “အရျင်အာနန္ဒာအား လှူလိုက်ကြပြီ” ဟုပြော၏။ ကောသလမင်းသည် “အရှင်အာနန္ဒာက ပုဆိုးငါးရာစလုံး

ယသလော” ဟု မေး၏။ “မြတ်စွာဘုရားက သင်္ကန်းသုံးထည်သာ ခွင့်ပြုတော်မှု၏။ အရှင်အာနန္ဒာ ရောင်းစားလိမ့်မည်ဟု ငါထင်၏”ဟုဆို၏။

ရဟန်းတစ်ပါး သင်္ကန်းသုံးထည်သာ
ကောသလမင်းသည် အရှင်အာနန္ဒာ မထေင်္ရအပေါ် မကျေနပ်၍ နံနက်စာစားပြီးလျှင် အရှင်အာနန္ဒာ မထေရ်ထံ ၀င်ပြီး ရှိခိုး၍ ထိုင်လျက် “မိဖုရား ငါးရာတို့သည် အရှင်ဘုရားအား ပုဆိုးငါးရာ လှူပါသလော” ဟုမေး၏။
“ဟုတ်ပေ၏” ဟုမိန့်၏။
“အရှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတစ်ပါးလျှင် သင်္ကန်းသုံးထည်သာ ခွင့်ပြုသည် မဟုတ်လော”
“မှန်၏ မင်းကြီး၊ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးလျှင် သင်္ကန်သုံးထည်သာ သုံးဆောင်ရမည်ဟု ခွင့်ပြုတော်မှုသည် အလှူကိုလက်ခံရာတွင်မှုကား တားဖြစ်ခြင်းမရှိပါ၊ သို့အတွက် သင်္ကန်းနါမ်းရိသော ရဟန်းများအတွက်

ထိုပုဆိုးငါးရာကို ခံယူခြင်းဖြစ်သည်” ဟု မိန့်တော်မှု၏။

သင်္ကန်းတစ်ထည် အသုံးချနည်းမျိုးစုံ
“အရှင်ဘုရားထံမှရသော ရဟန်းသည် သင်္ကန်းဟောင်းသုံးထည်ကို အဘယ်သို့ပြုသနည်း” ဟုမေးလျှောက်ပြန်၏။
“မင်းကြီး ဒုကုဋ်ဟောင်း သင်္ကန်းကို ကိုယ်ဝတ်ပြု၏”
“ကိုယ်ဝတ်အဟောင်းကို အဘယ်သို့ပြုသနည်း”
“သင်းပိုင်”
“သင်းပိုင်အဟောင်းကို အဘယ်သို့ပြုသနည်း”
“အိပ်ရာလွှမ်း”
“အိပ်ရာလွှမ်း အဟောင်းကို”
“မြေအခင်း”
မြေအခင်းအဟောင်းကို”
“ခြေသုတ်”
“ခြေသုတ်ဟောင်းကို”
“ခြေသုတ်ဟောင်းကို ပဲခွပ်ဓားဖြင့် စဉ်း၍ မြေဖြင့်နယ်ကာ ကျောင်းတို့၌ မြေကျဉ်းလိမ်းကျံခြင်းပြု၏” ဟု မိန့်တော်မှုရာ ကောသလမင်းက...
“အရှင်ဘုရား၊ အရှင်ဘုရားတို့အား လှူအပ်သော သင်္ကန်းသည် ခြေသုတ်ဖြစ်သည့် တိုင်အောင်လည်း မပစ်ရသေးပါတကား” ဟု နှစ်သက်ဝမ်းမြောက်လှ၍ နန်းတော်တွင်းရှိသော ပုဆိုးငါးရာကို ထပ်မံလှူပြန်လေ၏။

သူ့ကျေးဇူး
အရှင်အာနန္ဒာတွင် အတူနေတပည့် ငါးရာရှိ၏။ ထိုအတူနေတပည့်တို့တွင် ရဟန်းတစ်ပါးသည် အရှင်အာနန္ဒာအား ကျေးဇူးများ၏။ ကျောင်းမရိဂုဏ် တံမြက်လှည်း၏။ သောက်ရေသုံးဆောင်ရေကို တည်၏။
ဒန်ပူ၊ မျက်နှာသစ်ရေတို့ကို ပေး၏။ ဆွမ်းချက်ကျောင်း၊ ရေချိုးခန်း၊ ကုဋီအိမ်သာတို့ကို သုတ်သင်၏။ အရှင်အာနန္ဒာသည် နောက်ထပ်ရသော ပုဆိုးငါးရာကို ဤရဟန်းငယ်အားသာ ပေး၏။ ထိုရဟန်းငယ်လည်း မိမိနှင့်

ဥပဇ္ဈာယ်တူသော ရဟန်းငယ်တို့အား ပေး၏။ ထိုရဟန်းတို့ဥည် ပုဆိုးတို့ကိုဖြတ်၍ ဆိုး၍ သစ်လွင်သော သင်္ကန်းများဖြင့် ဘုရားရှင်မျက်မှောက် တရားသဘင် ၀င်ရောက်ကြ၏။ ထိုနောက် မြတ်စွာဘုရားအား

လျှောက်ကြ၏။
“ အရှင်ဘုရား၊ သောတာပန်ပုဂ္ဂိုလ်တို့သည် မျက်နှာလိုက်တတ်ပါသလားဘုးရား”
“ မျက်နှာ မလိုက်တတ်” ဟုမိန့်တော်မှု၏။
အရှင်အာနန္ဒာမထေရ်သည် အဖိုးတစ်ထောင် ထိုက်သော ပုဆိုးငါးရာကို ရဟန်းငယ်အားသာလျှင် ပေး၏။ ထိုရဟန်းက မိမိရသော ပုဆိုးငါးရာကို တပည့်တော်အား ပေးပါ၏” ဟုလျှောက်၏။

ကျေးဇူးထောက်ထား
“ရဟန်းတို့ အာနန္ဒာ မထေရ်သည် မျက်နှာလိုက်၍ ထိုရဟန်းအား ပေးသည်မဟုတ်၊ ထိုရဟန်းငယ်သည် အာနန္ဒာအား ကျေးဇူးများ၏။ ထိုကျေးဇူးများအား ကျေးဇူးပြုသင့်သည်ဟု နှလုံးသွင်းပြီး သူ့ကျေးဇူးကို

သတိရခြင်းကြောင့် ကျေးဇူးဆပ်ရန် သင့်သည်ဟု သိ၍ ပေး၏။ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့သည်လည်း မိမိအား ကျေးဇူးပြူသော သူတို့အား ကျေးဇူးတုံ့ပြန်ခြင်း ပြုတော်မှုသည်” စု အတိတ်ဇာတ်ကို

ဟောတော်မှု၏။

အတိတ်ဇာတ်
ဗာရာဏသီပြည်၍ ဗြဟ္ဓဒတ်မင်း စိုးစံစဉ်၊ ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၏။ တောင်ဂူ၌နေ၏။ ထိုတောင်ထိပ်မှ ရပ်ကြည့်လျှင် တောင်ခြေရင်းကို ရစ်ပတ်ထားသော အိုင်ကြီး တစ်အိုင်ကို တွေ့ရ၏။
ထိုအိုင်၏ မြင့်ရာအရပ်မှ မာသော ညွန်ပြင်တွင် စိမ်းလန်းစိုပြည်သော မြက်တို့ပေါက်ကြ၏။ ယုန်သူငယ်၊ ကြောင်၊ သမင်၊ မြေခွေး အစရှိသော ပေါ့ပေါ့ပါးပါး သတ္တ၀ါများသည် သွားလာလှည့်လည် ကျက်စားကြ၏။
တစ်နေ့သ၌ ခြင်္သေ့သည် တော်ထပိမှ ရပ်ကြည့်ရာ သမင်တစ်ကောင် မြက်စားနေသည်ကို မြင်၇၏။ ခြင်္သေ့သည် တောင်ထိပ်မှ လျှပ်တစ်ပြက် ခုန်ချ၏။ သမင် ပြေးလေ၏။ ခြင်္သေ့ခြေလေးဘက်စလုံးမြေ၌ နစ်သွား၏။

အားစိုက် ရုန်းပါသော်လည်း နှုတ်၍မရတော့။

အသက်ကို ကယ်မည့်သူ
ဤသို့ဖြင့် ကယ်မည့်သူမရှိဘဲ အစာငတ်ရေငတ်ဖြင့် ခုနှစ်ရက်ကြာလာသောအခါ အားပြန်၍လာ၏။ သည်အတိုင်းသာဆိုလျှင် သေရတော့မည်အမှန်ဟု တစ်ထစ်ချ တွက်ထားပြိးဖြစ်၏။
ခုနှစ်ရက်ကြာလျှင် မြေခွေးတစ်ကောင် လာနေသည်ကို တွေ့၏။ မြေခွေးကိုခေါ်၍ “ငါ့အသက်ကိုကယ်ပါ” ဟု ပြော၏။ မြေခွေးက “အို-ခြင်္သေ့ ငါသည် သင့်ကို ညွန်မှထုတ်ပေးချင်ပါသည်၊ ညွန်မှလွတ်လျှင် ငါ့ကို

သင်စားမည်ကို ကြောက်ပါသည်” ဟု ဆို၏။
“မကြောက်ပါနှင့် သင့်ကိုငါမစား၊ တကယ်အားဖြင့်သင့်အား ငါများစွာ ကျေးဇူပြုမည်” ဟု ပြော၏။
မြေခွေးသည် ခြင်္သေ့၏ ကတိစကားကိုယုံ၍ ခြင်္သေ့၏ ခြေလေးဘက်မှ ညွန်နွံတို့ကို ယက်၍ထုတ်၏။ ထိုခြေလေးဘက်မြေယက်ထားရာ ညွန်နွံမြေကို ရေရှိရာအရပ်မှ မြောင်းငယ်ဖော်ယက်၍ ပေးကာ မြေကို

ပျော့အောင်လုပ်၏။ မြေပျော့လာလျှင် ခြင်္သေ့ဗိုက်အောက်ဝင်ပြီး ၀မ်းဗိုက်ကို ဦးခေါင်းဖြင့်ရွက်ခါ “သခင် တအားရုန်း” ဟု အချက်ပေး၏။ ခြင်္သေ့သည် အရှိန်ဖြင့် ရုန်းလိုက်ရာ မြေမာပေါ်ရောက်သွား၍ လွတ်မြောက်လေ၏။

မိတ်ဆွေကောင်း
ခြင်္သေ့သည် အပန်းဖြေ၍ အိုင်သို့ဆင်းကာ ညွန်များကို ဆေးကြောပြီး ရေချိုးကာပုပန်မှုကို ငြိမ်းအေးစေပြီး မြေခွေးကို ခေါ်သွား၏။ ကျွဲတစ်ကောင်ကိုသတ်၍ အစွယ်တို့ဖြင့်ထွင်ပြီးအသားကို မြေခွေးရှေ့မှာချပြီး

ပထမကျွေး၏။ မြေခွေးစားပြီးမှ မိမိစား၏။
ထိုနောက် မြေခွေးသည် အသားတစ်တုံးကို ကိုက်ချီလေရာ ခြင်္သေ့ကမေး၍ မြေခွေးမအတွက်ဟု သိရလျှင် မိမိလည်း ခြင်္သေ့မအတွက် အသားတုံးတစ်တုံးချီကာ အတူသွားကြ၏။
ထိုနေ့မှစ၍ ခြင်္သေ့သည် ကျေးဇူးရှင် မြေခွေးနှင့် မြေခွေးမတို့ကို ဂုဝအနီး ဂူငယ်တခုတွင် နေစေ၍ အစာရှာအတူထွက် အတူစား မြေခွေးမနှင့် ခြင်္သေ့မတို့အတွက် အမဲတို့ကို ယူလာရင်းဖြင့် ကာလကြာမြင့်သော်

မြေခွေးမတွင် သားနှစ်ကောင်၊ ခြင်္သေ့မတွင် သားနှစ်ကောင် မီးဖွားကြ၏။ မြေခွေးကလေးနှင့် ခြင်္သေ့ကလေးတို့ အတူကစားကြ၏။ ခြင်္သေ့မင်းက မြေခွေးကလေးငယ်များကိုလည်း ချစ်၏။ ကျီစယ်ကစား၏။

သံသယစိတ်
ကာလကြာသော် ခြင်္သေ့မသည် သံသယစိတ် ၀င်လာ၏။ ခြင်္သေ့မင်းသည် ဤမျှကာလကြာမြင့်အောင် မြေခွေး၊ မြေခွေးမနှင့် ကလေးတို့အား အလွန်ချစ်၏။ ဂရုစိုက်၍ မငြိုမငြင်ရှာဖွေ ကျွေးနေသည်မှာ မြေခွေးမနှင့် ညားနေ၍သာ ဖြစ်ရမည်။ ဤအကြောင်းကြောင့်သာ ဤမျှ ချစ်ခြင်းဖြစ်ရမည်ဟု အတွေးဝင်ကာ ခြင်္သေ့မင်းနှင့် မြေခွေးဖိုတို့ အစာရှာသွားသောအခါ မြေခွေးမကို နျင်ထုတ်၏။ “ဘာဖြစ်လို့ ဒီမှာ လာနေရသလဲ၊ ဘာ့ကြောင့် မသွားသေးလဲ”ဟု ခြိမ်းခြောက်မောင်းမဲ၏။ ခြင်္သေ့မ၏ သားတို့ကလည်း မြေခွေးမ၏ သားတို့ကို ထို့အတူသာလျှင် ခြိမ်းခြောက်မောင်းမဲကြ


ဧည့်ကြာလျှင်မကောင်း
ထိုအကြောင်းကို မြေခွေးဖိုအား မြေခွေးမက ပြန်ပြောပြပြီး မြေခွေးဖိုအား“ခြင်္သေ့က ပြောခိုင်းလို့များလားမသိ၊ ငါတို့လဲ နေတာကြာပြီ၊ ဒါကြောင့် ခြင်္သေ့က ငါတို့ကို ချစ်ခြင်းပြယ်ပြီ၊ ငါတို့နေရာဟောင်းကို ပြန်ကြပါစို့”

ဟုပြော၏။ မြေခွေးဖိုသည် တစ်ဖန် ခြင်္သေ့မင်းကို ပြောပြ၏။ “အရှင်-ကျွန်ုပ်ဆိုပလာပြီးနေသည်မှာ ကြာပါပြီ၊ ကြာကြာနေသော ဧည့်သည်ကို အိမ်ရှင်များ မုန်းတတ်ကြပါသည်၊ ကျွန်ုပ်တို့အစာရှာသွားသော ကာလ၌

ခြင်္သေ့မသည် မြေခွေးမအား ဤသို့ခြိမ်းခြောက် မောင်းမဲနင်ထုတ်ပါသည်၊ အကြင်သူသည် မိမိထံ၌နေသူကို မနှစ်သက်ပါက သွားလေလော့ဟု နှင်မထုတ်ကောင်းသလော၊ ကြိမ်းမောင်း ညှဉ်းဆဲခြင်းမှာ အကျိုးမရှိပါ”

ဟုပြော၏။
မြေခွေးက ထပ်၍ ပြောပြန်သည်။
“မိမိအား မှီဝဲခစားသူကို သွားစေလို၍ နှင်လိုက်၏။ ဤသည်မှာ ထုံးစံသဘောဖြစ်ပါသည်။ ငါတို့အား ကိုးကွယ်ရာမှ ဘေးဖြစ်လာ၏။ သို့ကြောင့် မိမိနေရာအရပ်ကို ပြန်ကြတော့မည်” ဟုဆို၏။

ခြင်္သေမကိုရှင်းပြဆုံးမ၏
ဤစကားကိုကြားလျှင် ခြင်္သေ့မင်းသည် ခြင်္သေ့မအားရှင်းပြ၏။ အစာရှာသွားစဉ် ညွန်၌နစ်၍ ရုန်းမရဘဲ အစာမစားရ ရေမသောက်ရ။ ခုနှစ်ရက်ကြာမျှ ကယ်သူမလာ သေရမည့်ဆဲဆဲတွင် ဤမြေခွေးကယ်၍

ငါ့အသက်ချမ်းသာရာရခဲ့သည်ဟု ရှင်းပြပြီး-
ခြင်္သေ့မ ဤမြေခွေးသည် ငါ၏အသက်ကို ကယ်ခဲ့သော အဆွေခင်ပွန်း ဖြစ်သည်။ အဆွေခင်ပွန်းတို့၏ တရား၌တည်စွမ်းနိုင်သော မိတ်ဆွေတည်း။
အဆွေခင်ပွန်းမည်သည် ယုတ်ညံ့သူ အားနည်းသူဟူ၍မရှိ၊ အဆွေခင်ပွန်းသည် ဂုဏ်နိမ့်သော်လည်း အတွေခင်ပွန်းတို့၏ တရား၍ တည်လျှင် အဆွေအမျိုးလည်း တော်၏။ အဆွေခင်ပွန်းလည်း ဖြစ်၏။
မိတ်ဆွေလည်း ဖြစ်၏။ အပေါင်းအဖော်လည်း ဖြစ်၏။
မြေခွေးသည် ငါ့အသက်ကို ကယ်သောကြောင့် အပေါင်းအဖော်ဖြစ်သော မြေခွေး၊ မြေခွေးမနှင့် သားနှစ်ယောက်တို့ကို သင်သည် မထီမဲ့မြင် မပြုလုပ်နှင့်” ဆုံးမ၏။
ခြင်္သေ့မသည် ခြင်္သေ့မင်း စကားကိုကြား၍ သဘောပေါက်ပြီး မြေခွေးမကို တောင်းပန်၍ အညီအညွန်နေကြ၏။ ဤသိုပ ညီညိညွတ်ညွတ်နေကြသည်မှာ ခြင်္သေ့နှင့် မြေခွေးတို့၏ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်

တိုင်လေသည်။

ဇာတ်ပေါင်းသော်
မြေခွေးသည် - အာနန္ဒာ
ခြင်္သေ့သည် - ငါဘုရား
ဟု ဇာတ်တော်ပေါင်၏။

သူငယ်ချင်း၊ မိတ်ဆွေအပေါင်းတို့သည်လည်း ဒီဇာတ်တော်လေးကိုဖတ်ရူလို့ ကျေးဇူးရှင်ကို ကျေးမဆွတ်ပဲ ကျေးဇူးဆပ်နိုင်သော ကျေးဇူးသိသော သူများဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment