၁။တရားကိုလိုလားတောင်းတသူသည် ကြီးပွားရ၏။ တရားကိုမလိုလား မတောင်တမုန်းထားသူသည် ပျက်စီးရ၏။
၂။သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုးသူသည် ပျက်စီးရ၏။
၃။သူတော်ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှု မပြုသူသည် ပျက်စီးရ၏။
၎။သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုးသူသည် ပျက်စီးရ၏။
၅။အိပ်စက်ငိုက်မြည်းလေ့ရှိသူသည် ပျက်စီးရ၏။
၆။အပေါင်းအဖော်တွင် မွေ့လျောလေ့ ရှိသူသည် ပျက်စီးရ၏။
၇။စကားပြောရာတွင် မွေ့လျော်လေ့ ရှိသူသည် ပျက်စီးရ၏။
၈။နိုးကြားထကြွမှုမရှိ ပျင်းရိသူသည် ပျက်စီးရ၏။
၉။လျင်စွာ အမျက်ထွက်လေ့ရှိသူသည် ပျက်စီးရ၏။
၁၀။အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း။ အဘကိုလည်ကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူဖြစ်ပါလျှက် မကျွေးမွေးမပြုစုသူသည် ပျက်စီးရ၏။
၁၁။ဗြမ္မဏကိုလည်ကောင်း၊ သမဏကိုလည်ကောင်း၊ ဖုန်တောင်ယာစကားကိုလည်းကောင်း၊ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျှက် မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်သူသည် ပျက်စီးရ၏။
၁၂။များစွာသောစည်းစိမ်ရှိသူ၊ အသပြာရှိသူ၊ စားဖွယ်နှင့် ပြည့်စုံသူဖြစ်ပါလျှက် ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်းစားသုံးတတ်သူသည် ပျက်စီးရ၏။
၁၃။အမျိုးဇာတိမာန် ခက်ထန်သူသည် ပျက်စီး၏။
၁၄။ဥစ္စာဓနမာန်ခက်ထန်သူသည် ပျက်စီး၏။
၁၅။အနွယ်ဂေါတ္တမာန် ခက်ထန်သူသည် ပျက်စီးရ၏။
၁၆။မိမိဆွေမျိုးကိုလည်း မထီမဲ့မြင်ပြုသူသည် ပျက်စီးရ၏။
၁၇။မိန်းမ၊ ယောက်ျားကျူးသူသည် ပျက်စီးရ၏။
၁၈။သေသောက်ကျူးသူသည် ပျက်စီးရ၏။
၁၉။လောင်းကစားကျူးသူသည် ပျက်စီးရ၏။
၂၀။မိမိမယား၊ ယောက်ျားဖြင့် မရောင့်ရဲပဲ ပြည်တန်ဆာမတို့တွင် ပြစ်များသူသည် ပျက်စီးရ၏။
၂၁။သူတပါးမရားတို့တွင် ပြစ်မှားသူသည် ပျက်စီးရ၏။
၂၂။အရွယ်ရောက်ပြီးသော ယောက်ျားသည် တည်သီးသဖါယ် ဖြစ်သောသားမြတ်ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူအိမ်သူပြု၏။ ထိုမိန်းမငယ်အား ယောက်ျားတစ်ပါးအတွက် စိတ်မချ ရသောကြောင့် မအိပ်နိုင်ဖြစ်ရသူသည် ပျက်စီးရ၏။
၂၃။ငါး၊ အမဲစသော အစားအစာတို့တွင် မက်မောသောသဘောရှိသော ဥစ္စာကိုဖရိုဖရဲပြုတတ်သော မိန်းမကို သော်လည်ကောင်း၊ ယောက်ျားကိုသော်လည်ကောင်း အိမ်ထောင်ထိန်းအရာတါင် ထားသူသည် ပျက်စီးရ၏။
၂၄။ဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့တွင် တက်မက်မှုကြီးမားလွန်းသူသည် ပျက်စီးရ၏။
မြတ်ဗုဒ္ဓ
ဇေတ၀န်ကျောင်းတော်၊ သာဝတ္တိပြည်။
လေ့ကျင့်ရန်
ရိုးရိုးသားသား ပြုကျင့်နေထိုင်ပါ။
ကျေးဇူးတရားကိုသိတတ်ပါ။
မိမိမှားလျှင် မဆုတ်မဆိုင်း ၀န်ခံပါ။
ခွင့်လွှတ်နိုင်စွမ်း ရှိအောင်ကြိုးစားပါ။
လက်တွေ့ကို သတိပြုသုံးသပ်ပါ။
မိမိအားနှုတ်ဆက်သူကို ရွှင်ပြစွာနုတ်ဆက်ပါ။
မိမိအပေါ်တွင် သူတစ်ပါးမည်သို့ သဘောထားသည်ကိုလေ့လာပါ။
သင်ခွင့်ပေးသမျှ အတတ်ပညာကို ရအောင်ယူပါ။
သူတစ်ပါးကို ခလုတ်မတိုက်ဘဲ မိမိအစွမ်းဖြင့် တတ်လမ်းရှာပါ။
အားလပ်သော အချိန်တိုင်းတွင် အကြံအစည်ထုတ်ပါ။
သွားရင်းလာရင် မိတ်ဆွေကောင်းရှာဖွေပါ။
စကားပြောလျှင် နည်းနည်းနှင့်ထိထိပြောပါ။
မိတ်ဆွေများထဲမှ မိတ်ဆွေကောင်းရွေးချယ်ပါ။
မိမိအပေါ်တွင် လူမနှစ်သက်သည့် အမူအကျင့်ကိုရှောင်ပါ။
ဖြစ်သမျှအရာတိုင်းမှ သင်ခန်းစာထုတ်ယူပါ။
သူတစ်ပါးအပေါ်တွင် ကိုယ်ချင်းစာတရားထားပါ။
မိမိသည် တော်လည်းတော် ကောင်းလည်းကောင်းအောင်ကြိုးစားပါ။
အပျင်းစိတ်ကို နှင်ထုတ်ပါ။
ငွေကိုရိုသေပါ။
အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်းပါ။
အိမ်တံခါးထက် စိတ်တခါးကို လုံခြုံအောင် ထိန်းသိမ်းပါ။
သူတစ်ပါးနားခံသာသည့် အသုံးအနှုန်းမျိုးဖြင့်ပြောပါ။
ပတ်ဝန်းကျင်းနှင့် လိုက်လျောအောင်နေပါ။
အားနာမှုကို နေရာတစ်ကျ အသုံးချပါ။
စာများများဖတ်ပါ။
မိနစ်စက္ကန့်တိုင်းကို အသုံးချပါ။
သူတစ်ပါးကို ဝေဖန်သည်ထက် မိမိကိုယ်ကိုဝေဖန်ပါ။
ရိုးရာစရိုက်နှင့် မဆန့်ကျင်သော ယဉ်ကျေးမှုများကိုသာ လက်ခံပါ။
မိမိအစွမ်းလုံးလဖြင့်သာ မိမိဂုဏ်ယူပါ။
ဒုက္ခရောက်နေလျှင် အဆိုးဆုံးနှင့်နှိုင်းယှဉ်ဖြေသိမ့်ပါ။
ပျော်ပျော်နေပါ။
လူနှင့်တွေ့၍ နှုတ်ဆက်တိုင်း ပြုံးပါ အားရပါးရပြုံးပါ။
လုပ်သမျှ၌ သေသေသပ်သပ်လုပ်ပါ။
ဟောပြောသည်ထက် စံပြနိုင်အောင် ကြိုးစားပါ။
ဝါသနာကောင်း တစ်ခုထားပါ။
အသုံးအစွဲအတွက် စာရင်းထားရှိပါ။
ရိုသေထိုက်သူကိုရိုသေပါ။
ဖိတ်ကြားချက်များကို လေးစားစွာတုန်ပြန်ပါ။
မိမိအောက်နိမ့်သူကို ကြည့်၍ဖြေသိမ့်ပါ။
မျှော်လင့်ချက်မပျက် ထားရှိပါ။
No comments:
Post a Comment