ကျွန်ုပ်တို့ကအခြားသူတစ်ယောက်အကြောင်းကိုဝေဖန်ပုတ်ခတ်ပြောဆိုခြင်းထိုသူကိုပြောဆိုစ၇ာရှိနေခြင်းသည်မိမိတို့ကိုယ်တိုင်အားလည်းဝေဖန်၇န်လိုအပ်ချက်ရှိနေကြောင်းဖော်ပြသည်၊ဝေဖန်ရှုပ်ချပြောဆိုခြင်းသည်ပြသနာတစ်စုံတစ်၇ာကို ဖြေရှင်းနိုင်ခြင်း မရှိရုံမျှမက လောကတွင် အချင်းချင်း ဒေါသဖြစ်၇ခြင်း မယုံသင်ကာဖြစ်၇ခြင်း အခြေအနေတို့သာ အားပေး ဖန်တီး၇ာ အိမ်ထောင်ပြုခြင်းဟာပြိုင်ပွဲမဟုတ်... သင်ဟာထိုနေရာကို အမြဲတမ်း အချိန်မီရောက်နိုင်ပါတယ်။ (ရုရှားစကားပုံ)အိမ်ထောင်ဖက်ရေစက်ဆိုတာ အချိန်တန်ရင် အဖြေထွတ်ပါတယ်... ရှေးရေစက်ဆုံရင် ကြုံကိုကြုံရမှာပါ။ အချိန်ကျ အိမ်ဝကစောင့်နေ ရောက်လာပေလိမ့်မယ်။ ဆန္ဒမစောပါနဲ့။
ဖူးစာကို ဦးရာလူယူပါ လုပ်လိုက်ရင် ခက်မိုက်မိုက် ဇတ်လမ်းတွေ ကိုယ်တိုင်ဝင်ပြီး ကရတော့မှာပဲ။မြှားနတ်မောင် မပစ်သေးလည်း ပစ်မယ့်အချိန်ကို ရင်ဖွင့်ပြီး စောင့်နေပါ.. မြှားနတ်မောင် ပစ်တဲ့အချစ်မြှားလေး တည့်တည့်မှန်တဲ့အခါ အကြံဖန်မဟုတ်ပဲ အမှန်ကန်တွေ ကြုံလာ၊ ဆုံလာမှာပဲ။ဖူးစာဘက်ရွေး တယ်ဆိုတာ အလွန်စဉ်းစားရတဲ့အလုပ်။ ဖူးစာဘက်ဆိုတာ တစ်ရက်တစ်ပတ် ပေါင်းရတာမဟုတ်ဘူးကိုယ့်ဘ၀တစ်သက်လုံး ပေါင်းရမှာဖြစ်တယ်။
အချိန်ကိုအဓိကမပြုပဲ ရွှေငွေပစ္စည်း ဥစ္စာဂုဏ်သရေ ကို အဓိကပြုပြီး ဖူးစာဘက်ရွေးမှာလား?ဆရာကြီးပီမိုးနင်းက သည်လိုဆိုတယ် ၊ ရေးတယ်။“အစကနဦးကပင် ယုံကြည်စိတ်ချရမယ့် မိန်းမကို စစ်စစ်ဆေးဆေး စုံစုံစမ်းစမ်း မယူဘဲ အရူးချစ်၊ အမူးချစ်နှင့် ယူသူများ ဂုဏ်ကိုမက်၍ လည်းကောင်း၊ ပစ္စည်းကိုမက်၍လည်းကောင်း ယူသူများသည် မယုံကြည်ခြင်း ဒုက္ခနှင့် တွေ့ရမည်သာတည်း” တဲ့
အဲသည်လို ဖူးစားဖက်ရွေးသူ အချို့ဟာ ကောင်းကောင်းနေ၊ မြက်မြက်စား ရပေမယ့် စိတ်ဆင်းရဲခြင်း ချောက်ကမ်းပါးကြီးက မတတ်နိုင်ဘူး။ အချို့က ဥစ္စာမက်ပြီးဖူးစာဖက် လိုက်ကြတာ၊ တွက်ရေးတော့ စက်သူဌေးပဲ၊ ဘက်လည်းကြည့်ရော စက်မရှိ ဖြစ်နေတာ ခံစားရတော့တယ်။
ရှေးမြန်မာတွေဟာ ဖူးစာဖက်ဖို့ သုံးလေးနှစ် အကဲခက်ကြတယ် မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတာရှားတယ်...အခုခတ်မှာ အချို့က အခုကြိုက်၊ အခုလိုက်ကြတော့မိုက်ကုန်ကြရော။ခုမြင်၊ခုကြိုက်၊ခုလိုက်၊ခုကွဲဇာတ်လမ်းတွေ ဖြစ်ကုန်ကြရော။ဖူးစာကိုဦးရာယူခိုင်းခြင်းဟာသဘာဝအရကိုကမှားတယ်။ဓာတ်သိ၊အစင်းသိဖြစအောင်အချိန်ဆိုတာထားရတယ်။ရုပ်ချောလို့သဘောကျပြီးဖူးစာဖက်အမြန်ရွေးမိကြပြီးလှတာမက်လို့ညစာခက်ကြသူများလည်း ရှိပြန်ပါတယ်။
'“အချစ်နဲ့အကြိုက်ဟာမတူဘူး”
အချစ်ကအချစ်ဖြစ်ပြီး ကြိုက်တာက ကြိုက်တာပါပဲဖြစ်တယ်။ ကိုယ်ကြိုက်တာတိုင်းကို အချစ်လို့ပြောလို့မရဘူး။ဥာဏ်ပညာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်တဲ့ သူထက် သူ့ကို ချစ်တဲ့ ယောက်ျားလေးကို လက်ထက်ယူလိမ့်မယ်ဆိုလို့ဆိုတယ်။ ဥာဏ်ပညာရှိတဲ့ မိန်းကလေးတိုင်းဟာ ဖူးစာကို ဦးရာလူ မယူခိုင်းဘူး။ဥာဏ်ပညာရှိတဲ့ ယောက်ျားလေးတွေ ကျတော့ လက်ထပ်မယ့်လူကို မျက်စိနဲ့ မရွေးဘဲ နားနဲ့ ရွေးပါတယ်။
ချစ်သူရဲ့ မိဘကို ကြည့်ပါတယ်။ မိခင်ကို လေ့လာရင် သမီးအရည်အသွေး တစ်ဝက်လောက်ကို သိလာတတ်ပါတယ်။
ယောက်ျားတစ်ယောက်မှာ ဇနီးတစ်ယေက်ရွေးဖို့အတွက် အချိန်များစွာရှိနေသလို မိန်းမတစ်ယောက်မှာလည်း လင်တစ်ယောက် ရွေးရန် အချိန်များစွာရှိပါတယ်ဆန္ဒမစောပါနှင့်။ လောကမှာ ယောက်ျား များပြီး လင်ရှားတယ်။ မိန်းမများပြီး မယားကျတော့ရှားတယ်။လှပမှုသက်သက်ကို လက်ထက်ထားသူ၊ လိမ်မှုကိုသာ အရေးပေးသူတွေဟာ ကောင်းမွန်မှုထက် ၀မ်းနည်းရတဲ့ နေ့အရက်တွေကိုသာ အများဆုံးပိုင်ဆိုင်ကြ ရတတ်ပါတယ်။မြင်းကမလှုပ် ၊ ခုံကလှုပ်ရင်လည်း မကောင်းဘူး။ ကောက်ညှင်းက မစေးဘဲ ဆန်ကြမ်းက စေးနေပြန်ရင်လည်း မကောင်းဘူး။သဘာဝကို လွန်ဆန်ရင် မိန်းကလေးသာ နစ်မွန်းတတ်ပါတယ်။
ဆရာကြီးပီမိုးနင်းက..
“မိန်းကလေးများသည် လင်ကောင်းသားကောင်း ရချင်ရင် ဈေးကျအောင် မလုပ်ပဲ အမြဲလှပစွာ ဖြီးလိမ်းပြီး သပ်ရပ်သားနားစွာ ပိပိပြားပြားနေကြဖို့ သတိပြုရန် လိုပေသည်” တဲ့..သူငယ်ချင်းတို့လည်း တွေးမိလောက်ပါပြီဒီလောက်ဆိုရင် သူငယ်ချင်းတို့အားလုံး ပျော်ရွှင်ကြပါစေ ☺☻
--
အရာရာတိုင်းမှာ အောင်မြင်စွာကျော်ဖြတ်နိုင်ချင်ရင် ဇွဲရှိရှိကြိုးစားနိုင်မှအောင်မြင်နိုင်ပါမည်။.......
No comments:
Post a Comment