နောက်မေးခွန်းတစ်ခုကတော့ ကိုယ်ခန္ဓာတစ်ခုလုံး အပြင်ရော အတွင်းရော ဘယ်နေရာမှ မကျန် ဖြစ်ပျက်နေတာတွေကို ယောဂီတို့ သိရှိခံစားလာရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကိုယ့်ရဲ့ အပြင်ပိုင်း အပေါ်ယံမှာပဲ ရူနေပါဦး။ နောက်ကျလာတော့ စိတ်ရဲ့ အပေါ်ယံ အပေါ်ပိုင်းကနေ အတွင်းနက်ရိုင်းတဲ့အပိုင်းကို ရောက်ရောက်လာတော့ ဝေဒနာတွေကိုလဲ ကိုယ်အပေါ်ယံပိုင်းကနေပြီးတော့ ကိုယ့်ရဲ့ အတွင်းပိုင်းထဲအထိ ရောက်အောင် တွေ့ထိခံစားလာရ ပါလိမ့်မယ်။
ယောဂီတချို့ကတော့ ၀ိပဿနာစတယ်ဆိုတာနဲ့ပဲ သူ့အလိုလို ဝေဒနာတွေကို ကိုယ်ရဲ့အပြင်ပိုင်းရော၊ အတွင်းပိုငးတွေရော တွေ့ထိခံစားလာရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝေဒနာတွေကို ခန္ဓာကိုယ်ရဲ့ အပေါ်ယံမှာပဲ အခုတော့ ခံစားနေရရင်တော်ပါပြီ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment