အတိတ်ကို ပြန်တွေးနေတာ အကျိုးမရှိ
တရားပတ်မှာ ၅-ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဆက်လက်ပြီး အားထုတ်ဖို့ရာ ၅-ရက်သာပဲ ကျန်ပါတော့တယ်။ ၁၀-ရက်တရားပတ်ရဲ့ တစ်ဝက်ကတော့ ကုန်ဆုံးသွားပါပြီ။ ကျန်နေသေးတဲ့အပိုင်းဟာ ယောဂီတို့အတွက် အင်မတန်အရေးကြီးပါတယ်။ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ ရရှိတဲ့အချိန်ကို အကောင်းဆုံး အကျိုးအရှိဆုံးဖြစ်အောင် အသုံးချတတ်ပါတယ်။

ပြီးသွားပြီဖြစ်တဲ့ အတိတ်ကို ပြန်ပြီး တွေးတောနေတာတွေဟာ ဘာမှ အကျိုးမရှိပါဘူး။ ရှေ့လျှောက်ပြီး အချိန်ကို ဘယ်လိုအသုံးချရမယ်၊ လုပ်ငန်းကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာက အရေးကြီးပါတယ်။ ဒီကမ္မဋ္ဌာန်းနည်း နိဿယကို ကောင်းကောင်း နားလည်ပြီးတော့ လေးလေးစားစားနဲ့ တိတိကျကျ ကျင့်ကြဖို့ရာ လိုပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment