ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 26 August 2010

သရဏဂုံကိုးကွယ်ဆည်းကပ်မှုဆိုတာ ဘာလဲ?


အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ စာပိုဒ်သုံးခု၊ သို့မဟုတ် ဒီစာပိုဒ်သုံးခုကို နှုတ်က ရွတ်ဆိုတာကို သရဏဂုံဆောက်တည်တာဖြစ်တယ်လို့ ထင်နေကြတယ်။ အမှန်မှာတော့ ဘုရား တရား၊ သံဃာ၊ ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်စေတဲ့ ၀တ္ထုမှန် သုံးပါး ဖြစ်တယ်လို့ ယုံကြည်တဲ့ သဒ္ဓါ၊ သိမှတ်နားလည်တဲ့ ပညာကို သရဏဂုံ၊ သို့မဟုတ် ကိုးကွယ်ဆည်းကပ်မှုလို့ ခေါ်တယ်။

ဘုန်းကြီးက ချပေးလို့ ဖြစ်စေ၊ မိရိုးဖလာ အလွတ်ရထားလို့ ဖြစ်စေ၊ တရားကို အသိဥာဏ်နဲ့ မယှဉ်တွဲ ဥာဏ၀ိပ္ပယုဘ် သရဏဂုံလို့ ခေါ်တယ်၊ ဆင်းရဲ ပယ်ဖျောက် ချမ်းသာ ရောက်စေတတ်သော ၀တ္တုမှန် သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊ သိရှိ နားလည်မှုလဲ ရှိမယ်ဆိုရင်တော့ ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှု ပညာနှစ်ပါးကို အသိဥာဏ်နဲ့ ယှဉ်တဲ့ ဉာဏသမ္မယုတ် သရဏဂုံလို့ ခေါ်ပါတယ်။

No comments:

Post a Comment