ထိပိဋကဓရ ဆရာတော် အရှင်နေမိန္ဒ
စိတ်ကောင်းထားက ချမ်းသာရ၏။
စိတ်ကောင်းမထားက ဆင်းရဲရ၏။
မဃဒေသအလင်္ကာသစ်
အသီးတစ်ရာ၊ အညှာတစ်ခု၊ ပမာရူ၍၊ စိတ်ဟုမည်ငြား၊
ဤတစ်ပါးမျှ၊ တရားကိုယ်ကြပ်၊ စောင့်စည်းကွပ်က၊
လူ့ရပ်နတ်ရွာ၊ ဗြဟ္မာနိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။
မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ
ချမ်းသာတယ်ဆိုတာ ၀မ်းမြောက်တဲ့ သောမနဿ်၊
နှစ်သက်တဲ့ ၀ီတိ၊ ခံစားရတဲ့ သုခ၊ ဒီလိုရှိမှ ချမ်းသာတယ်။
ဒုတိယ ဂဒ္ဒူလဗဒ္ဒသုတ်-ချမ်းမြေ့ဆရာတော်
ကိုလေညစ်မည်း၊ စိတ်၌စွဲ၊ ရုပ်လဲမကြည်လင်။
ကိလေညစ်မည်း၊ စိတ်မစွဲ၊ ရုပ်လဲအေးကြည်လင်။
စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်၊ ဖြူလျှင်ချမ်းသာသည်။
ချမ်းသာရလို၊ များလူဗိုလ်၊ ကိုယ့်ကိုယ်သိရမည်။
ကိုယ့်ကိုယ်သိချင်၊ များလူရှင်၊ နေ့စဉ်စစ်ရမည်။
နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး၊ လျှော်ဆေးပစ်ရမည်။
မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ
တင်းတိမ်ခြင်းဟာ အမြတ်ဆုံး ဥစ္စပါပဲလို့ ဗုဒ္ဓမြတ်စွာက ဟောတော်မှုတယ်။
ရှေးတုန်းက လူတွေဟာ အစားကို ငါးပိချက်ကလေး၊ ငါးကလေးနဲ့ပဲ စားကြတယ်။
အ၀တ်ကိုလဲ ကိုယ့်ဟာကိုယ် ရက်ဝတ်ကြတယ်။ စိတ်ချမ်းသာကြတာပဲ။
စိတ်ချမ်းသာတယ်ဆိုတာ ပေါမှချမ်းသာတာ မဟုတ်ပါဘူး၊ တင်းတိမ်တတ်မှ ချမ်းသာတယ်။
အင်္ဂလိပ်ပညာရှိ - ဘားနဒ်ရှော
စိတ်မချမ်းမြေ့ခြင်းရဲ့အကြောင်းရင်းဟာ သင့်ကိုယ်သင်ပျော် မပျော်ဆန်းစစ်နေဖို့ အချိန်ပိုရနေုလို့ ဖြစ်တယ်။ အချိန်ပိုမထားပါနဲ့။
အားလုံးကိုသိရင် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။
ရောမစာဆို ဟောရေ့စ်
ယနေ့ကိုသာ ငါပိုင်တယ်။ နက်ဖြန် ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး။
ယနေ့ ငါကောင်းကောင်း နေထိုင်လိုက်ရင် ငါဟာ အပျော်ဆုံး လူကောင်းတစ်ယောက် ဖြစ်မှာပဲ။
အမေရိကန် စိတ်ပညာ ပါမောက္ခ-၀ီလျံဂျိမ်းစ်
ဖြစ်သမျှအကြောင်း အကောင်းချည်း မှတ်ပါ။
ဒါမှ လောကမှာရှိတဲ့ ဆင်းရဲဒုက္ခအပေါင်းကိုကျော်လွန်နိုင်အောင် ကြိုးပမ်းနိုင်လိမ့်မယ်။
တရုတ်စာရေးဆရာ-လင်ယူတန်
စိတ်ချမ်းသာမှုအစစအဟာ အဆုံးဆုံးအဖြစ်ကို လက်ခံရာမှ ထွက်ပေါ်လာတယ်။
စိတ်ပညာအရ ထိုသို့ အဆိုးဆုံး အခြေအနေကို လက်ခံခြင်းဟာ စိတ်ဓာတ် အင်အားကို ဖွင့်ထုတ်ပေးခြင်းပင် ဖြစ်တယ်။
မြတ်ဗုဒ္ဓရဲ့ ဥဒါန်းဂါထာ
ကျန်းမာခြင်းဟာ အမြတ်ဆုံးလာဘ်ဖြစ်တယ်။
နိဗ္ဗာန်ဟာ အမြတ်ဆုံး ချမ်းသာဖြစ်တယ်။
မဂ္ဂင်ရှစ်ပါးဟာ မသေရာ နိဗ္ဗာန်သို့ ရောက်စေတတ်တဲ့ လမ်းကြောင်းအပေါင်းမျာ ဘေးကင်းပြီး အမြတ်ဆု့းသော လမ်းကြောင်းဖြစ်ပေတယ်။
ဖတ်ဖူးသမျှလေးများကို ပြန်လည်စုစည်း တင်ပြမျှဝေလိုက်ပါတယ်။
No comments:
Post a Comment