ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 3 August 2010

သက်တော်ထင်ရှား ဘုရားရှင်ရဲ့ နားရွက်တော်ဟာ အခုကိုးကွယ်နေကြတဲ့ ရုပ်ပွားဆင်းတု ပုံတော်မှာလို ပခုံးတော်နဲ့ထိတဲ့အထိ ရှည်ပါသလား ?

ဘုရားရှင်ရဲ့ နားရွတ်တော်ဟာ ပခုံးတော်မှာ ထိနေတယ်လို့ ပိဋကတ်တော်မျာ မဖော်ပြပါဘူး။ ဘုရားရှင်ရဲ့ ပုံတော်ကို ဖော်ပြတဲ့ လက္ခဏာတော်ငယ်(၇၀)ကို ဖော်ပြတဲ့ အခါမှာလဲ ရှည်သော နား၊ နှစ်လိုဖွယ်သော နားတော် ရှိတော်မှု၏။ (အာယတရုစိကဏ္ဏတာ…) လို့သာ ပြပါတယ်။


ဒါကြောင့် ဘုရားရှင်ရဲ့ နားရွက်တော်ဟာ ပခုံးကို မထိဘူးလို့ဘဲ ယူဆကြတယ်။


အစောဆုံး ဗုဒ္ဓရုပ်ပွားတော်တော်ကို ထုလုပ်ကြတဲ့ ပန်းပုပညညာတွေက အခုပုံမျိုး ထုလုပ်ခဲ့ရာက အစဉ်အလာဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။ သမန္တစက္ခုဒီပနီကျမ်း စာမျက်နှာ ၂၆၂ မှာ အာယတကဏ္ဏတာ-ရှည်လျားသော နားရွက်တော်ရှိသောအဖြစ် (ဤသို့လာသော အာယတကဏ္ဏ လက္ခဏာတော်ကိုရည်၍ ပညာရှိအဆက်ဆက်တို့သည် ရုပ်ပွားဆင်းတုတော် ထုလုပ်ရာ၌ နားရွက်တော်ကို အထွာနှင့်ဖွဲ့၍ အရှည်အလျား ထုလုပ်လေသည်။ ရှေးစာတမ်းဟောင်းတို့၌ကား နားရွက်တော်ကို ပခုံးတော်သို့ မထိစေနှင့် အမှာရှိသည်။ ယခု ငါတို့လက်ထက်၌မှုကား နားရွက်တော်ကို ပခုံးတော်သို့ ထိစေလျက် ထုလုပ်ကြသည်) လို့ မှာထားတယ်။


အရှင်ဇနကာသိဝံသ ဆရာတော် ရေးတဲ့ ရတနာ့ဂုဏ်ရည် ကျမ်း စာမျက်နှာ ၃၉၆မှ (အရှည်ဟု ဆိုသော်လည်း ယခု ကာလ အချို့ ဆင်းတုတော်များ၌ ထုထားသကဲ့သို့ ပခုံးတော်ထောက်အောင် ရှည်လျားသည် မဟုတ်ပါ။ ကျိုး၍မသွားအောင် ရုပ်တုတော် ပြုလုပ်သည့် ဆ၇ာတို့က ထောက်ထားဟန် တူပါသည်) လို့ မှတ်ထားပါတယ်။

No comments:

Post a Comment