ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 13 August 2010

အချို့အရပ်တွေမှာ နှစ်ကျိပ်ရှစ်ဆူ လှည့်ပွဲ၊ ပူဇော်ပွဲတွေ လုပ်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူဆိုတာ ဘာဘုရားတွေလဲ ?



သုမေဓာ ဘုရားအလောင်းဟာ ဒီပင်္ကရာဘုရားရှင်ထဲမှာ ဗျာဒိတ်တော် ခံတော်မှုတယ်။ ပြီးတော့ လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မှုတယ်။ အဲဒီလို ပါရမီဖြည့်ကျင့်နေစဉ် ကာလအတွင်းမှာ ဒီပင်္ကရာဘုရားနဲ့ ဂေါတမဘုရားရှင်အပါအ၀င် ဘုရားပေါင်းနှစ်ဆယ့် ငါးဆူ ပွင့်တော်မှုတယ်။

ဒါပေမယ့် ဒီပင်္ကရာဘုရားပွင့်တဲ့ ကမ္ဘာမှာ ဒီပင်္ကရာမတိုင်မီ တဏှာင်္ကရာ၊ မေဓင်္ဘရာ၊ သရဏင်္ကရာဆိုတဲ့ ဘုရားသုံးဆူ ပွင့်သွားတယ်။ အဲဒီဘုရားသုံးဆူကိုပါ ပေါင်းပြီး ဘုရား(၂၈)ဆူ ရည်မှန်းပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ တည်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူလှည့်ပွဲ ပူဇော်ပွဲတွေ ကျင်းပကြတာဖြစ်ပါတယ်။

No comments:

Post a Comment