ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 1 August 2010

ဓမ္မစေတီဆိုတာ ဘာလဲ?


မြတ်စွာဘုရား လေးဆယ့် ငါးဝါအတွင်း ဟောထားခဲ့တဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ဓမ္မစေတီလို့ခေါ်တယ်။ ပဋိစ္စသမုပ္ပါဒ် ပဌာန်း စသည်ကို ရွှေငွေ ပရပိုက်မှာ ရေးပြီး ဌာပနာတဲ့ စေတီကိုလဲ ဓမ္မစေတီလို့ခေါ်တယ်။

မြန်မာနိုင်ငံမှာ ရှေးက ပိဋကတ်တော်တွေကို သီးသန့်ပူဇော်ကန်တော့တာ မရှိပါဘူး။ ပိဋကတ် ပေစာထုပ်တွေ၊ စာအုပ်တွေ ၀ယ်လှူတာကိုပဲ ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြတယ်။ ယခု မျက်မှောက်ခေတ်မှာ ဓမ္မစေတီ-ဓမ္မရတနာကို လက်တွေ့ကျကျ ပူဇော်လိုသူသည် ပရိယတ္ထိ ဗဟုသုတနှင့် ပြည့်စုံသူကို ပူဇော်ရမည်ဟု ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မှုချက်အရ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်တွေကို တစ်ဦးချင်း အနေနဲ့လည်းကောင်း၊ အသင်းအဖွဲ့ အနေနဲ့လည်းကောင်း ပူဇော်ကန်တော့နေကြပေပြီ။ ၄င်းပူဇော်ကန်တော့မှုကို ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြရမယ်။

No comments:

Post a Comment