ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 21 October 2011

River View Garden Housing သာယာရေးကော်မတီမှ သံဃာတော်များကို ဘီပိုးကာကွယ်ဆေးဒါနပြုလုပ်

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ River View Garden Housing သာယာရေးကော်မတီမှ စုပေါင်းစည်းရုံးနိုးဆော်၍ ဒါနပါရမီမြောက်လှူဒါန်းပူဇော်သည့် အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်၊ အလုံမြို့နယ်၊ စာချစာသင် သံဃာတော်အရှင်သူမြတ်တို့အား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို အောက်တိုဘာ ၁၃-ရက်နေ့၊ နေ့လည် (၁၂)နာရီအချိန်တွင် အောင်မင်္ဂလာစာသင်တိုက်၊ အလုံမြို့နယ်တွင် ကျင်းပခဲ့သည်။

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို Fortune International Limitedမှ တာဝန်ယူဖြန့်ချိသည့် LJVOVAX-B အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးအား သံဃာတော် (၁၄၀)ပါးနှင့် လူ(၄၀)ဦးတို့ကိုထိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ၀၊ ၁၊ ၆နည်းဖြင့် ထိုးလာရာ ယခုအခါ ဒုတိယအကြိမ်မြောက် ထိုးပေးခြင်းဖြစ်ပြီး တတိယအကြိမ်ကို ၆-လအကြာ ၁၃-၃-၂၀၁၂ နေ့တွင် ထပ်မံ ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မေသဒ္ဒါ (HEALTH CARE JOURNAL)

No comments:

Post a Comment