ဘုရားရှင်ဟာ လေးဆယ့်ငါးဝါ ကာလပတ်လုံး ၀တ္တ၀ါတွေကို တရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မှုခဲ့တယ်။ ဒါနဲ့လဲ အားရတော်မမှုသေးဘူး။ ပရိနိဗ္ဗာန်စံပြီးတဲ့နောက် လူတွေကိုးကွယ်ဖို့ ဓာတ်တော်တွေ ထားခဲ့တယ်၊ ဘုရားကိုယ်စား တရားတော်တွေထား ခဲ့တယ်။ ဒီတရားတွေကို သင်အံလေ့လာဖို့ သံဃာအဖွဲ့အစည်းကိုလည်း ဖွဲ့စည်းခဲ့တယ်။ ဒီသာသနာ့ဝန်ဆောင် သာသနာ့ အမွေခံသံဃာအဖွဲ့ကြီး အစဉ်တည်တဲ့ရေးအတွက် ၀ိနည်းသိက္ခာပုဒ်တွေကို ပညတ်ခဲ့တယ်။
ဒီသံဃာအဖွဲ့ကြီးကြီးပွားမှအနာဂတ်သာသနာဟာ တည်တဲ့ကြီးပွားမယ်ဆိုတာကို မြင်တော်မှုတဲ့အတွက် သာသနာဟာ တည်တဲ့ကြီးပွားမယ်ဆိုတာကို မြင်တော်မှုတဲ့အတွက် သက်တော်ထင်ရှား ရှိစဉ်ကပင် သံဃာတော်တွေကို ဦးစားပေးခဲ့တယ်။ သံဃာကိုပေးလှူ ပူဇော်တာဟာ ငါဘုရားကို ပေးလှူပူဇော်ရာ ရောက်တယ်လို့ သံဃာအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ခြင်း ဖြစ်တယ်။ ဘုရားရှင် မြော်မြင်မှုတဲ့အတိုင်း ဘုရားရှင် သာသနာတော်ဟာ ယနေ့အထိ တည်တဲ့နေတာဟာလဲ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ပဲဖြစ်တယ်။
ဒါကြောင့် သာသနာတော် အရှည်တံ့လိုရင် ဘုရားရှင် ဟောတော်မှုချက်အတိုင်း သံဃာတော်တွေကို ပေးလှူ ပူဇော် ချီးမြှောက် လှူဒါန်းကြပါလို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
No comments:
Post a Comment