လူတွေဟာ အသိဥာဏ် မတိုးတက်သေးတော့ အထက်ပါ ပညာရပ်တွေမှာ စွဲလမ်းယုံကြည်ကြတယ်။ မိမိတို့ရဲ့ ပစ္စုပ္ပန်လောလောဆယ် အကျိုးအတွက် ဆရာတွေထံ ချဉ်းကပ်မေးမြန်းကြတယ်။ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြတယ်။ လူတွေရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ဆရာလိမ် ဆရာညာတွေလဲ ပေါများလာတယ်။ မိမိတို့ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေတဲ့ တကာတကာမတွေရဲ့ အကျိုးအတွက် ဒီပညာတွေကို တချို့ အနည်းငယ်မျှသာ ထေရ၀ါဒရဟန်းတော်တွေက ဆက်လက်လေ့လာကြတယ်။ တကာ တကာမတွေကို ဟောပြောကြတယ်။
နတ်ကိုးကွယ်မှုကို လုံးဝပိတ်ပင်လို့ မရတဲ့အခါမှာ ဘုရားဖူးပြီးရင်တော့ နတ်တွေကို ပူဇော်ရင် ပူဇော်ကြပါစေဆိုပြီး စေတီဘေးမှာ နတ်ရုပ်တွေ ထားပေးသလိုပါပဲ။ အင်းအိုင် မန္တန် ပယောဂတွေကို လုံးဝမယုံကြည်ဖို့ ပိတ်ပင်လို့ မရတော့ လူလိမ် လူညာတွေ ဘေးမှလဲလွတ်စေတော့။ ဒီပညာတွေနဲ့ ပတ်သက်ပြီး သာသနာနဲ့ ဆက်စပ်မှုလဲ ဖြစ်စေတော့ဆိုတဲ့ သဘောနဲ့ ထေရ၀ါဒ ရဟန်းတော်များကလဲ ဒီပညာတွေကို အဆင့်ဆင့် သင်ယူခဲ့ သင်ကြားပိုပချပေးခဲ့ကြတာပါပဲ။
ဘာသာရေး ရူထောင့်နဲ့ဝိနည်း ကျင့်ဝတ်ရူထောင့်အရ မလျော်ပေမယ့် သာသနာပြု ရူထောင့်၊ လူမှုရေး ယဉ်ကျေးမှုရူထောင့်က ကြည့်ပြီး လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment