ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 July 2010

မာန်လျှော့ ကန်တော့တယ်ဆိုတာ ဘာလဲ?

ကန်တော့တယ်ဆိုတာက ၀န်ချကန်တော့ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ ကိုယ်၊ နှုတ်၊ စိတ်၊ တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်မိတဲ့ အပြစ်တွေကို ကြေရာကြေကြောင်း ၀န်ချတောင်းပန် ကန်တော့ရာမှာ မာန်မာနထောင်လွှား မောက်မာမှုမရှိမှ ၀န်ချတောင်းပန် ကန်တော့လို့ရတယ်။ တချို့ကိုယ်က မှားမှန်သိပေမယ့် မာန်မလျှော့နိုင်လို့ သေတပန် သက်တဆုံး ၀န်ချမသွားခဲ့တာတွေလဲရှိတယ်။ ရှိခိုးကန်တော့ရာမှာလဲ မိမိရဲ့ခန္ဓာကိုယ်မှာ အထွတ်အမြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းနဖူးကို ကြမ်းပြင် မြေပြင်နဲ့ ထိပြီး ရှိခိုးဦးချတယ်ဆိုတာက မာန်မာန လျှော့ထားနိုင်လို့သာ ဖြစ်တယ်။ ဒီနေရာမှာ မာန်မာနကို လျော့ချချိုးနှိမ်ပြီး ၀န်ချတောင်းပန် ကန်တော့ပါ၏။ ရှိခိုးဦးချ ကန်တော့ပါ၏လို့ ဆိုလိုပါတယ်။

No comments:

Post a Comment