ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 August 2010

ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ရှိပါသလား?

အခု ဘဒ္ဒကမ္ဘာမှာပွင့်တဲ့ ဘုရားရှင် လေးဆူလက်ထက်မှာ ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ပိဋကတ်မှာ မတွေ့ရပါဘူး။ သုန္ဒရထေရ အပဒါန်မှာတော့ တိဿဘုရားရှင် လက်ထက်တုန်းက ခြေတော်ရာကို ပန်းနဲ့ ပူဇော်ခဲ့ရလို့ နတ်ပြည်ရောက်ရတဲ့အကြောင်း ဖွင့်ပြထားပါတယ်။


အင်္ဂုတ္ထိုရ်အဌကထာမှာတော့ ဒေါဏပုဏ္ဏားကြီးနောက်က လိုက်လာမှန်းသိတော့ ဘုရားရှင်ဟာ ခြေတော်ရာတွေထင်ပါစေလို့ အဓိဌာန်ပြီး ခြေတော်ရာတွေ ချခဲ့ပါတယ်။ ဒေါဏပုဏ္ဏားကြီးဟာ ခြေတော်ရာမှာ ထင်နေတဲ့ စက်လက္ခဏာတော်တွေကိုမြင်ပြီး ဘုရားမှန်းသိတာနဲ့ ခြေရာခံလိုက်သွား ပါတယ်။ ဘုရားရှင်ကလဲ သစ်ပင်တစ်ပင်အောက်မှာထိုင်စောင့်နေတယ်။ ဒေါဏပုဏ္ဏားက နတ်လား၊ ဘီလူးလား၊ ကုမ္ဘာန်လား၊ လူလားဆိုတော့ ဘုရားရှင်က ဘာမှ မဟုတ်ဘူး။ ဗုဒ္ဓဖြစ်တယ်လို့ မိန့်ခဲ့တယ်၊ ပရိနိဗ္ဗာန်စံတဲ့အခါ ဓာတ်တော်တွေကို ဦးဆောင်ဝေမှာကို သိတော်မှုလို့ ခြေတော်ရာချပြီး တွေ့ဆုံစေခဲ့ တာဖြစ်ပါတယ်။


ဘုရားရှင်ကို အမှတ်တရ အပဒါန်အဌကထာနဲ့ အင်္ဂုတ္တိုရ်အဌကထာမှာ ပဒစေတိယခြေတော်ရာကို ပူဇော်စရာလို့ ပြထားတာလဲ တစ်ကြောင်း၊ ဒေါဏပုဏ္ဏားကြီးဟာ စက်လက္ခဏာတော်တွေကိုကြည့်ပြီး ဘုရားမှန်းသိသလို စက်လက္ခဏာတွေပါတဲ့ ခြေတော်ရာကို ဖူးမြော်ရလို့ သက်တော်ထင်ရှား ဘုရားရှင်ကို မျှော်မှန်းပူဇော်နိုင်တဲ့အတွက် ခြေတော်ရာကို ရှိခိုးပူဇော်ထိုက်ပါတယ်။

No comments:

Post a Comment