ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 August 2010

ယနေ့ မြန်မာနိုင်ငံနဲ့ သီိဟိုဠ်နိုင်ငံမှာ ကိုးကွယ်နေကြတဲ့ ခြေတော်ရာဟာ စေတီလေးပါးထဲမှာ ဘယ်စေတီ အမျိုးအစားလဲ?

ခြေတော်ရာဟာ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့တော့ အတိအကျ မတွေ့ရဘူး။ ဂေါတမဘုရားရှင် ခြေတော်ရာနဲ့ ပတ်သက်ပြီး ပိဋကတ်ထဲမှာ ဖွင့်ပြထားတာ မတွေ့ရဘူး။ သစ္စဗန္ဓရသေ့ တောင်းပန်လို့ မင်းဘူးရွှေစက်တော်မှာ ခြေတော်ရာတစ်ဆူ ချတော်မှုခဲ့တယ်။ နမ္မဒါနဂါးတောင်းပန်လို့ အောက်ခြေတော်ရာကို ချတော်မှုခဲ့တယ်လို့ ရွှေစက်တော်သမိုင်းမှာ တွေ့ရတယ်။ ဒီခြေတော်ရာကို နှစ်စဉ် ဗုဒ္ဓဘာသာဝင်တွေ အများ သွားရောက်ဖူးမြော်နေကြတယ်။ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့ မတွေ့ပေမယ့် ဥဒ္ဒိဿစေတီထဲမှာ ပါတယ်လို့ မှတ်ရပါမယ်။ ဒီခြေတော်ရာကို ဖူးမြော်ခြင်းဖြင့် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့တယ်ဆိုတာကို မျှော်မှန်းရည်ရော်လို့ ဖြစ်ပါတယ်။

No comments:

Post a Comment