ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 13 August 2010

ယခုကာလ ဘုရားကိုးဆူ ပူဇော်ပွဲကို ဘယ်လို ပူဇော်နေကြသလဲ ?

ဘုရားကိုးဆူ ပူဇော်ပွဲဟာ ဂြိုလ်ကိုးလုံးပူဇော်ပွဲလဲ ဖြစ်ပါတယ်။ ဘုရားကိုးဆူပူဇော်ပွဲဟာ စေတနာသဒ္ဓါတရား သက်သက်အရ ပြုလုပ်တာမဟုတ်ပါဘူး။ ဗေဒင်ကိန်းခန်းအရ ကံဇာတာနိမ့်တဲ့အခါမျိုးမှာ လောကီနည်းအရ ရာထူးဂုဏ်သိန် စည်းစိမ်တိုးတက်စေချင်တဲ့အခါမျိုးမှာ ဘာသာရေးနည်းနဲ့ လောကီနည်းပေါင်းပြီး လုပ်တဲ့ ပူဇော်ပွဲဖြစ်ပါတယ်။


ဒါကြောင့် အထက်မှာ ပြခဲ့တဲ့ ဘုရားရှင်နဲ့ ရဟန္တာ ၈-ပါးအပြင် ဘုရားရှင်နောက်မှာ ကိတ်ဂြိုလ်ကိုထားပြီး ရဟန္တာ ၈-ဆူရဲ့ နောက်မှာတော့ တနင်္ဂနွေထောင့်မှာ ဂဠုန်ရုပ်ကို စီးထားတဲ့ တနင်္ဂနွေဂြိုဟ်မင်း၊ တနင်းလာထောင့်အရှေ့အရပ်မှာ ကျားရုပ်ကိုစီးထားတဲ့ တနင်းလာဂြိုလ်မင်း စသည်ဖြင့် ဂြိုဟ်ကြီး ၈-လုံးကို နေရာချထားပါတယ်။ လှူဖွယ်ပြင်တဲ့အခါမှာလဲ ဘုရားရဟန္တာကိုးဆူနဲ့ ဂြိုဟ်ကိုးပါးအတွက်ပွဲ ၁၉-ပွဲပြင်ဆင် ပူဇော် ကျွေးမွေးရပါတယ်။


ဒါကြောင့် ဘုရားကိုးဆူဟာ ဘာသာရေးပူဇော်ပွဲနဲ့ လောကီဂြိုဟ်နတ်ပူဇော်ပွဲကို ပေါင်းထားတဲ့ ပူဇော်ပွဲတစ်ခု ဖြစ်ပါတယ်။

No comments:

Post a Comment