ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးဟာ သက္ကရာဇ် ၉၂၀ လောက်မှာ ယိုးဒယားပြည် ဇင်းမယ်ကိုသိမ်းပြီး သားတော် အနော်ရထာကို ဘုရင်ခံ ခန့်ထားပါတယ်။ ထိုအချိန်က ဇင်းမယ်တွင် လောကီဗေဒင်ကန်းခန်းအရ ဂြိုလ်ကြီးကိုးလုံးကို ပူဇော်တဲ့ အစဉ်အလာရှိတယ်။ အနော်ရထာစောက ဗုဒ္ဓဘာသာ ဆရာတော်ကြီးများနဲ့တိုင်ပင်ပြီး လူတွေကျင့်သုံးနေတဲ့ ဂြိုလ်ကိုးလုံး ပူဇော်မှုလဲ မပျက်၊ ဗုဒ္ဓဘာသာနည်းအရ ဘုရားးရှင်နဲ့ ရဟန္တာများကို ပူဇော်ရာလဲ ရောက်အောင်ဆိုပြီး ဓမ္မပဒကျမ်းလာ ၀တ္ထုအရ ဘာသာရေး ယဉ်ကျေးမှု အဖြစ် ပြောင်းလဲခဲ့တယ်။
အဲဒီဇင်းမယ်က ဘုရားကိုးဆူ အစဉ်အလာဟာ မြန်မာပြည်ကို ရောက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဘုရားကိုးဆူ ပူဇော်တဲ့ ဓလေ့ဟာ တောတွေကို မရောက်ဘဲ မြို့တွေမှာ အထူးသဖြင့် အောက်မြန်မာပြည် မြို့တွေမှာသာ လုပ်လေ့ လုပ်ထ ရှိပါတယ်။
No comments:
Post a Comment