ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 13 August 2010

သမ္ဗုဒ္ဓေ ဘုရားရှိခိုးနဲ့ ဆုတောင်းဂါထာကို ဘယ်သူရေးပါသလဲ။ ဘယ်ရည်ရွယ်ချက်နဲ့ ရေးခဲ့ပါသလဲ?



သမ္ဗုဒ္ဓေအန္တရာယ်ကင်း ဘုရားရှိခိုးကို ဘယ်ဆရာတော်ကြီးရေးတယ်လို့ မှတ်တမ်းအခိုင်အမာ မတွေ့ရပါဘူး။ ရှေးမြန်မာ ဆရာတော်တစ်ပါး စီစဉ်ရေးသားခဲ့တယ်လို့ မှတ်သားရပါမယ် ရည်ရွယ်ချက်ကတော့ ဂေါတမဘုရားရှင်ဟာ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။ အဲဒီကာလ အတောအတွေင်း ဘုရားပေါင်း ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူပွင့်တော်မှုခဲ့တယ်။ ဒီလိုသိရခြင်းအားဖြင့် “ဗုဒ္ဓုပွါဒေါ ဒုလ္လဘော” ဘုရားအဖြစ်ကို ရခဲတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာမယ်။

ဂေါတမအရင်က ဘုရားပေါင်း (၅)သိန်းကျော် ပွင့်သွားခဲ့တယ်ဆိုတာကို သိသွားမယ်။ ဘုရားတစ်ဆူကို တစ်ခါရှိခိုးလို့ ကုသိုလ်တစ်ခါရရင် ဘုရားပေါင်း (၅)သိန်းကျော်ကို တစ်ခါရှိခိုးလို့ ကုသိုလ်ပေါင်း ငါးသိန်းကျော်ရမယ်။ အလားတူပဲ တရား သံဃာတော်တွေ ပူဇော်ရာမှာလဲ တစ်ခါပူဇော်တာနဲ့ ကုသလိုလ်ပေါင်း (၅)သိန်းကျော်ရမယ်။

ဒီလို အကျိုးအများကြီး ရမယ်ဆိုတော့ ပူဇော်တဲ့သူရဲ့ သဒ္ဓါယုံကြည်မှုဟာလဲ အားကောင်းလာမယ်။ စေတနာဇောဟာလဲ အားကြီးလာမယ်။ စေတနာဇော အားကောင်းရင် အားကောင်းသလောက် အကျိုးဟာလဲ ကြီးမြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတဲ့ ဘုရားရှိခိုးဖြစ်တယ်လို့ မှတ်နိုင်ပါတယ်။

No comments:

Post a Comment