ပရိတ်ရွတ်တဲ့အခါမှာ ပရိတ်တော် ရွတ်ခြင်းဖြင့် အန္တရာယ်ကင်းမယ်လို့လဲ ယုံကြည်မယ်။ ပရိတ်တော်ရဲ့ အနက်အဓိပ္ပာယ်လဲ သိမယ်ဆိုရင် အန္တရာယ်ကင်းသလိုပါပဲ။ သမ္ဗုဒ္ဓေဂါထာရွတ်ခြင်းဖြင့် အန္တရာယ်ဟူသမျှ ကင်းရှင်းမယ်လို့ ယုံကြည်မှုလဲရှိမယ်။ ရွတ်တဲ့အခါမှာလဲ ဂါထာရဲ့ အနက်အဓိပ္ပာယ်ကို သိမယ်ဆိုရင် တကယ် အန္တရာယ် ကင်းနိုင်ပါတယ်။
ဒီဂါထာဟာ ဥုံခံပြီးမန်းရ မှုတ်ရတဲ့ မန္တန်မဟုတ်ပါဘူး။ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေနဲ့ ၄င်းတို့ရဲ့ တရား သံဃာတွေကို ရှိခိုးပြီး ဆုတောင်းတဲ့ ဘုရားရှိခိုး ဖြစ်ပါတယ်။
ဒါကြောင့် သမ္ဗုဒ္ဓေဂါထာနဲ့ သူ့ရဲ့ မြန်မာအဓိပ္ပာယ်ကို ရေးပေးလိုက်ပါတယ်။
၁။ သမ္ဗုဒ္ဓေ အဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။
၂။ အပ္ပကာ ၀ါဌုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
၃။ နမက္ကာရနူဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ။
အနေကာ အန္တရာယာပီ၊ ၀ိနဿန္တု အသေသတော။
၁။ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကို တပည့်တော် ဦးတိုက်ရှိခိုးပါ၏။
၂။ ဂင်္ဂါသဲစုမက မရေတွက်နိုင်အောင်များပြာသော ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်များနှင့် ၄င်းတို့၏ တရားတော် သံဃာတော်များကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏။
၃။ ရှိခိုးရသော အာနုတော်ကြောင့် အားလုံးသော ဘေးဥပဒ်များ ကင်းရှင်း၍ အန္တရာယ်ဟူသမျှ အကြွင်းမဲ့ ပျောက်ပျက်ပါစေကုန်သတည်း။

Friday, 13 August 2010
သမ္ဗုဒ္ဓေဂါထာရွတ်လို့ အန္တရာယ်ကင်းပါသလား။ ဘာ့ကြောင့်ပါလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment