ကြက်သားသုပ်
ပါဝင်သောပစ္စည်းများ -
ကြက်သားနုနု = နှစ်ဆယ်ကြက်သား
ကြက်သွန်နီ = ၄-လုံး
ကြက်သွန်ဖြူ = ၁လုံး
ချင်း = အနည်းငယ်
ဆား = အနည်းငယ်
သံပရာသီး = ၁လုံး
ငရုတ်သီးစိမ်း = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
နနွင်း = အနည်းငယ်
ပြုလုပ်ပုံ
- ကြက်သားကို ရေဆေးပြီး နနွင်း၊ ဆား၊ ဟင်းခတ်မူန့်ဖြင့်နယ်ပြီး ကြက်သွန်ဖြူနှင့် ချင်း အနည်းငယ်ထည့်ပြီးပြုတ်ပါ။
- ကြက်သားနူးလျှင် ဆယ်ပြီး အသားနွှင်ပါ။
- လှီးထားသော ကြက်သွန်နီ၊ နွှင်ထားသော ကြက်သားများ ရောထည့်ပါ။
- ပြီးလျှင် သံပရာသီး၊ ဟင်းခတ်မူန့်၊ ဆား အနည်းငယ်ထည့်၍ သုပ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းတောင့် လှီး၍ ထည့်သုပ်ပါ။
ကြက်ကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ကြက်သားနုနု = နှစ်ဆယ်သား
ကြက်သွန်နီ = ၄လုံး
ဆီ (ကြက်ကြော်ရန်) = အနည်းငယ်
သံပရာသီး = ၁လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
နနွင်း = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်သားကို ရေဆေး၊ ဆား နနွင်းနှင့် ဟင်းခတ်မူန့်ဖြင့် နယ်ပါ။
- ပြီးလျှင် ဆီပူအိုးထဲ ထည့်ကြော်ပါ။
- ကြော်ပြီးကြက်သားများကို အသားနွှင်ပါ။
- ထို့နောက် နွှင်ထားသော ကြက်သားများနှင့် လှီးထားသော ကြက်သွန်နီ ရောထည့်၊ သံပရာသီးညှစ်၊ ဆား ဟင်းခတ်မူန့် အနည်းငယ်စီထည့်၍ သုပ်ပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။
ကြက်ခြေထောက်၊ ကြက်ခေါင်းသုပ်
ပါဝင်သောပစ္စည်းများ -
ကြက်ခြေထောက်၊ ကြက်ခေါင်း = သုံးဆယ်သား
ကြက်သွန်နီ = ၅လုံး
သံပရာသီး = ၁လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ရှောက်ရွက် = အနည်းငယ်
ငရုတ်ဆီ = အနည်းငယ်
နနွင်း = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်ခြေထောက်ကို ရေနွေးဖျောပြီး အပေါ်အရေခွံများ ခွာပါ။
- ကြက်ခေါင်းကိုလည်း အမွှေးစင်အောင် လုပ်ပါ။
- ထို့နောက် နှစ်ခုရော၍ ဆားနှင့် နနွင်း အနည်းငယ်ထည့်ပြီး ပြုတ်ပါ။
- ပြုတ်ပြီးကြက်ခေါင်းကို အရှည်လိုက် တုံးပါ။ ကြက်ခြေထောက်ကိုလည်း သုံးပိုင်းလောက် ပိုင်းဖြတ်ပါ။
- ကြက်သွန်နီလှီးထည့်၊ ဟင်းခတ်မူန့် ငံပြာရည်၊ သံပရာသီး ရှောက်ရွတ်တို့နှင့် ရောနယ်သုတ်ပါ။
- ငရုတ်သီးစိမ်း ကြိုက်လျှင် ထည့်၍သုပ်ပါ။
- အချဉ်အတွက် ငရုတ်ဆီ အသုံးပြု၍လည်း ရပါသည်။
ကြက်အသည်းအမြစ်သုပ်
ပါဝင်သောပစ္စည်းများ -
ကြက်အသည်းအမြစ် = သုံးစုံ
ကြက်သွန်နီ = ၄လုံး
ဂေါ်ဖီ = တစ်ဆယ်သား
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ငရုတ်ဆီ = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ရှောက်ရွက် = အနည်းငယ်
နနွင်း = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်အသည်းနှင့် အမြစ်များကို ရေစင်စွာဆေးပြီး ဆား နနွင်မူန့်တို့ဖြင့် ပြုတ်ပါ။
- အမြစ်ကို အရင်ပြုတ်ပါ။ အမြစ် နူးလောက်မှ အသည်းထည့်၍ ပြုတ်ပါ။
- ပြီးလျှင် သုပ်စားရန်အတွက် အတုံးသေးသေးလှီးပါ။
- လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ငရုတ်ဆီများ ထည့်၍သုပ်ပါ။
- ရှောက်ရွက်အုပ်ပါ။
- ငရုတ်သီးစိမ်းနှင့် စားလျှင် ပိုကောင်းပါသည်။
ကြက်အရေခွံသုပ်
ပါဝင်သောပစ္စည်းများ -
ကြက်အရေခွံ = နှစ်ဆယ်သား
ကြက်သွန်နီိ = ၄လုံး
ဂေါ်ဖီ = တစ်ဆယ်သား
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ရှောက်သီး (သို့) သံပရာသီး = အနည်းငယ်
ရှောက်ရွက် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
နနွင်း = အနည်းငယ်
ဆား = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်အရေခွံများကို အမွေးစင်စွာနူတ်ပြီး ဆား၊ ဟင်းခတ်မူန့်၊ နနွင်းတို့ဖြင့် နယ်ပြီး ပြုတ်ပါ။
- ပြီးလျှင် ကတ်ကြေးဖြင့် ခပ်သေးသေးညှပ်ပါ။
- လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ရှောက်သီးညှစ်၍ သုပ်ပါ။
- အပေါ်မှ ရှောက်ရွက်ပါးပါးလှီး၍ အုပ်ပါ။
- အစပ်အတွက် ငရုတ်သီး ထည့်စားပါ။

Wednesday, 3 November 2010
ကြက်သားဟင်းလျာနှင့် ပတ်သက်၍
အမျိုးအစား/ကဏ္ဍ
စားကြမယ်ဟေ့ကောင်းကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment