ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 12 November 2010

“သော်တာစမ်းရိပ်”

Photobucket



လမိုက်ည၀ယ်၊ လမ်းတာကွယ်ခိုက်

ရင်ဝယ်နွမ်းလျ၊ ဆိုမြည်းတလည်း

ရွှန်းမြစန္ဒာ၊ ဘယ်ဆီမှာ။


ခရီးကန္တာ၊ ချွေးစက်ဖြာစဉ်

ဆာပူနွမ်းလျ။ ငိုမြည်းတလည်း

စမ်းမြသီတာ၊ ဘယ်ဆီမှာ။


တံလျှပ်ပြောင်ပြောင်၊ လွင်တီးခေါင်မှာ

နေလောင်နွမ်းလျ၊ အော်မြည်တလည်း

ရိပ်မြဝေဆာ၊ ဘယ်ဆီမှာ။


လောကအငူ၊ သောကမြူနှင့်

လူမူဘ၀၊ လိုင်းထန်ကြွလျက်

ဒုက္ခနှောင်ပြွမ်း၊ လိုက်ဆူနွမ်းချိန်

ရည်မှန်းတသ၊ ထိုခဏတည့်

ယုယကြင်နာ၊ သူရောက်လာသည်

မေတ္တာပြုံးဝေ၊ ချစ်မေမေ။

No comments:

Post a Comment