ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 23 March 2012

ကမ္မဋ္ဌာန်းနည်းသစ်


မိမိတို့ရဲ့ ရုပ်နာမ်တရားကို သိရှိဖို့ရာဖြစ်တဲ့ လမ်းမှန်အတွက် အင်မတန်အရေးကြီးတဲ့ ခြေလှမ်းပါပဲ။ ဒီကမ္မဋ္ဌာန်းနည်းဟာ ယောဂီတွေ တော်တော်များများအတွက် အရင်က မကျင့်ခဲ့ဖူးတဲ့ နည်းသစ်ဖြစ်နေတော့ စိတ်ထဲမှာ မရှင်းလင်းတာတွေ၊ မေးချင်တာတွေ ရှိချင်ရှိကြပေလိမ့်မယ်။ ဒါတွေကို အခုရှင်းလင်းပစ်ရင် ကောင်းပါတယ်။


ခန္ဓာကိုယ်ကို အစီအစဉ်အတိုင်းရူဖို့လို
မေးနေကြမေးခွန်းတစ်ခုကတော့ “ဘာကြောင့် ငယ်ထိပ်ကနေ ခြေဖျားအထိ အစီအစဉ်ကို လိုက်ရူရပါသလဲ၊ ဒီအစီအစဉ်နဲ့ပဲ ရူရမှာလား။ တခြားအစီအစဉ်နဲ့ရော မရူနိုင်ဖူးလား” မှန်ပါတယ်။ အစီအစဉ်နဲ့ ရူဖို့ရာက အရေးကြီးပါတယ်။ အခုပြောပြထားတဲ့ အစီအစဉ်နဲ့သာ မဟုတ်ပါဘူး။ ဘယ်အစီအစဉ်နဲ့ပဲရူရူ ယောဂီတို့ ကြိုက်သလို ကြိုက်တဲ့အစီအစဉ်မျိုးနဲ့ ရူနိုင်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်ခန္ဓာတစ်ခုလုံး ဘယ်နေရာမှာမှ မကျန်ရစ်ခဲ့ရအောင် အစီအစဉ်နဲ့ ရူခိုင်းတာပါ။ ဒါကြောင့် အစီအစဉ်နဲ့ ရူဖို့ရာလိုပါတယ်။

အစီအစဉ်နဲ့မရူပဲ ဟိုကနေ ဒီပြောင်းပြီး ဟိုကနေဒီခုန်ပြီး ရူနေရင်တော့ ကိုယ်အပိုင်းတွေ အများကြီး မရူဘဲ လွတ်ပြီးမှ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒီလိုမရူဘဲ ကျန်ရစ်ခဲ့တဲ့အပိုင်းတွေဟာ ကန်းနေတဲ့ အပိုင်းတွေ ဖြစ်နေပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment