ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 1 March 2012

ဝင်လေထွက်လေနဲ့ ထိမူကို သတိရှိနေ

ဒီကနေ့ကျတော့ ယောဂီဟာ ၀င်သက်ထွက်သက် ၀င်ထွက်နေတာကို သိနေရုံမျှသာ မကဘူး၊ ဒီဝင်ထွက်နေတဲ့ လေကလေးနဲ့ ထိထိသွားမူကလေးကိုပါ သတိရှိနေပါတယ်။ သတိကပိုပြီး သိမ်မွေ့လာပြီးတော့ လမ်းစဉ်တစခုလုံးဟာ ကြမ်းတမ်းကနေ သိမ်မွေ့သိမ်မွေ့လာပြီး အသိမ်မွေ့ဆုံးအထိ သြဠာရိကကနေ သုခုမ သုခုမအထိ ရောက်အောင် ပြုလုပ်ကြဖို့ပါပဲ။ ဒါဟာမြတ်စွာဘုရားရဲ့ သွန်သင်ညွှန့်ကြားချက်ပါပဲ။
ဒီကနေ့ညနဲ့ မနက်ဖြန်တစ်နေ့လုံး ဒီသုံးထောင့် သတ်မှတ်ထားတဲ့ နေရာကလေးမှာ ပဲဆက်ဆက်ပြီး ရူကြဖို့ရာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး သိမ်မွေ့တဲ့ တကယ့်အဖြစ်အပျက်ကို ရူကြဖို့ပါပဲ။ တကယ့်ဖြစ်ပျက်နေတာကိုသာ အရေးပေးပြီး ရူရပါလိမ့်မယ်။ စိတ်ကူးယဉ်ဖို့ မဟုတ်ရပါဘူး။ အခုအသက်ရှူတာကို သတိနဲ့ ရှူနေတာဟာ နှစ်ရက်ရှိသွားပါပြီ။ ယောဂီတို့ဟာ ဒီဝင်သက် ထွက်သက်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်အမှန်ကို ကိုယ်တိုင်တွေ့ သိလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment