ဝိပဿနာတရားအားထုတ်တဲ့အခါ ရုပ်နဲ့နာမ်ပဲမြင်ရပါမယ်။ တခြားအာရုံတွေပေါ်လာရင်လည်း နှလုံးမသွင်းဘဲနဲ့ ကိုယ်ရူနေတဲ့ ရုပ်နာမ်ပဲ ဆက်ပြီးရူမှတ်နေရမယ်။ ဒီလိုရူမှတ်ခြင်းအားဖြင့် ငါ့ကိုယ်ဆိုတဲ့ဒိဋ္ဌိစွဲ ပျောက်သွားပါတယ်။ တစ်လောကလုံးမှာ ရုပ်နဲ့နာမ်ပဲရှိတယ်လို့မြင်တာဟာ အမြင်မှန်ပါ။
တရားသိမြင်တဲ့ အရိယာပုဂ္ဂိုလ်တွေမြင်နေတာ ဒီအတိုင်းမြင်နေကြပါတယ်။ ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမဆိုတဲ့ အမြင်မျိုး အရိယာတွေမှာမရှိဘူး။ တရားရူမှတ်တယ်ဆိုတာ အမြင်မှန်အောင် ကျင့်နေတာပါ။ ရုပ်နာမ်မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ငါ့ကိုယ်ဆိုတဲ့ အမြင်မရှိတော့ပါဘူး။ ငါ့လက်၊ ငါ့ခြေ၊ ငါ့ခေါင်း ဆိုတာလည်း မရှိတော့ပါဘူး။ ဘာရှိသေးလဲဆိုရင် ရူမှတ်နေတဲ့ အရူခံရုပ်နာမ်ပဲရှိပါတော့တယ်။
ရုပ်ကလည်း ရုပ်ရဲ့ အလုပ်ကို လုပ်နေတယ်။ နာမ်ကလည်းနာမ်ရဲ့ အလုပ်ကိုလုပ်နေတယ်။ ရုပ်နဲ့နာမ် နှစ်ခုပေါင်းစပ်ပြီးတော့ လူပ်ရှားနတယ်၊ သွားလာနေတယ်၊ စားသောက်နေတယ်၊ နေထိုင်နေတယ်၊ တကယ့်အရင်းခံ သဘာဝကြည့်လိုက်တော့ ရုပ်နာမ်သာရှိတယ်လို့မြင်ရင် အမြင်မှန်ပါ။ အမြင်မမှန်ရင်လည်း တရားမှန်မရနိုင်ဘူး။ တရားရချင်တယ်ဆိုရင် အမြင်မှန်အောင်ကျင့်ဖို့လိုပါတယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
7DAY NEWS Vol.10,N0.30.OCTOBER 13,2011
7DAY NEWS Vol.10,N0.30.OCTOBER 13,2011
No comments:
Post a Comment