ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ဝက်သားသရက်သီးခြောက် (၀ိုက်ဖီ)


ဝက်သားကို အမယ်မျိုးစုံနဲ့ ရောနှောချက်ပြုတ်ရာမှာ ၀က်ပုန်းကတော့ နာမည်ကြီးဟင်းလျာတစ်ခုပါပဲ။ ဒီတစ်ခါကတော့ ၀က်သားကို သရက်သီးခြောက်နဲ့ ရောနှောချက်ပြုတ်မှာ ဖြစ်ပါတယ်။ အအီပြေလည်းဖြစ်၊ အရသာကလည်း ၀က်သားအရသာမပျက်ဘဲ ချဉ်စပ်စပ်ဖြစ်အောင် ချက်ပြုတ်တာပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ၀က်ပေါင်သား ၁၅-ကျပ်သား၊ သရက်သီးအခြောက် လက်တစ်ဆုပ်စာနဲ့ ငရုတ်သီးခြောက်အပွတို့ပဲ ဖြစ်ပါတယ်။ သရက်သီးခြောက်ကတော့ ဈေးမှာ ရှားရှားပါးပါးရှာဝယ်ရမှာပါ။ အိမ်မှာ အခြောက်လှမ်းထားပြီးသားရှိတဲ့ မိတ်ဆွေဆီကလည်း တောင်းယူနိုင်ပါတယ်။

အရင်ဆုံး သရက်သီးခြောက်ကို ရေစိမ်ထားလိုက်ပါ။ ၀က်ပေါင်သားကို အနေတော်အသားပြားလေးတွေ ဖြစ်အောင်လှီးပြီး ဆား၊ နနွင်းနဲ့ ကြက်သားမူန့်တို့နဲ့ နယ်ပါမယ်။ ကြက်သွန်ြဖူနီနဲ့ ချင်းကို ငရုတ်သီးအပွခြောက်လေးတောင့်လောက်နဲ့ ထောင်းပါမယ်။

ဆီသတ်ပြီးဝက်သားကို အရင်ဆုံးထည့်လုံးပါ။ ရေမထည့်ခင် ငံပြာရည် အနည်းငယ်ကိုလည်း ထည့်ပေးပါ။ ခါတိုင်း ၀က်သားဟင်းချက်သလိုပါပဲ။ ၀က်သားနူးပြီဆိုမှ ရေစိမ်ထားတဲ့ သရက်သီးခြောက်တွေကို ဆယ်ပြီး ထည့်ပါမယ်။ သရက်သီးခြောက်လေးတွဆီက အချဉ်ထွက်လာပြီ ၀က်သားနဲ့အတူ နူးအိလာအောင် ရေထည့်ပြီး တည်ပေးပါ။ ပြီးမှ ဆီပြန်အောင်စောင့်ပြီး ချက်လိုက်ရုံပါပဲ။

ဒီဝက်သား သရက်သီးခြောက်ဟင်းက သရက်သီးခြောက်လေးတွေကိုလည်း အရသာခံပြီးစားနိုင်တာမို့ အအီလည်းပြေ၊ အစပ်အရသာလေးလည်းပါတာကြောင့် အချဉ်အရသာနဲ့လည်း ပိုမိုလိုက်ဖက်စွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment