ဥပမာဆိုကြပါစို့၊ အင်မတန်ဆာလောင်နေတဲ့ လူတစ်ဦးဟာ စားသောက်ဆိုင် တစ်ဆိုင်ကိုသွားပါတယ်။ စားစရာစားရင်း “မီနူး”ကိုဖတ်ကြည့်တော့ ဒီကနေ့ဟာဖြင့် “တယ်စားမြိန်မှာပဲ”လို့ သွားရည်ကျမိပါတယ်။ ဒါဟာ ပထမအဖြစ်အပျက်။
နောက် သူစားချင်တာကို မှာလိုက်ပါတယ်။ မှာပြီးစောင်နေ့ခိုက်မှာ တခြားလူတွေမှားပြီး စားသောက်နေတာကို ကြည့်မိပါတယ်။ သူတို့တတွေက မြိန်ရေယှက်ရေ စားသောက်နေတာကို တွေ့ရပြန်တော့လဲ တစ်ခါသွားရည့်ကျပြန်ပါတယ်။ ဒါက ဒုတိယအဖြစ်အပျက်။
နောက်သူမှာထားတဲ့ အစားအသောက်ရောက်လာပြီး သူစပြီးစားတဲ့အခါမှာ သူကိုယ်တိုင် အရသာကို ခံစားရတဲ့အခါကျတော့ ဒါက တတိယအဖြစ်အပျက်။
ပထမအဖြစ်အပျက်က သုတမယဉာဏ်ပါပဲ။ မီးနူးကို ဖတ်ကြည့်ရုံပဲ ရှိပါသေးတယ်။ စားရသေးတာ မဟုတ်ပါဘူး။ အရသာကို ကိုယ်တိုင် မခံစားရသေးပါဘူး။
ဒုတိယကတော့ စိန္တာမယဉာဏ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး သိရတာပါ။ လူတွေဟာ စားကောင်းသောက်ဖွယ်တွေကို စားတဲ့အခါမှာ အရသာကို ခံစားရတဲ့အခါများမှာ သူတို့ရဲ့ မျက်နှာထားအမူအရာကို အကဲခတ်နိုင်ပါတယ်။
တတိယ အတွေ့အကြုံကမှသာ ဘာဝနာမယဉာဏ်ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် အစားစားရပါပြီ။ အရသာကို ခံစားရပါပြီ။ ဒီဟာကမှ တည့်တည့်မတ်မတ်နဲ့ အကျိုးကို သက်ရောက်စေနိုင်တာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment