သမထ၀ိပဿနာဆိုတဲ့ တရားအားထုတ်ခြင်းအလုပ်ဟာ အတင်းအဓမ္မလုပ်ရတဲ့ အလုပ်မဟုတ်ပါဘူး။ တရားအားထုတ်ခြင်းကြောင့် စိတ်ချမ်းသာမူနဲ့ စိတ်အားထက်သန်မူကို ရစေနိုင်ပါတယ်။ မိမိတို့ကိုယ်ကို အတင်းတွန်းထိုးပြီး ဇွတ်ခိုင်းနေတယ်ဆိုရင် အဲဒါတရားအားထုတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ပြတယ်။
တရားအားထုတ်ခြင်းဆိုတာ စိတ်သက်သာ၊ ကိုယ်သက်သာနဲ့ အပန်းပြေအလိုက်သင့်လုပ်ရမှာမို့ ကိုယ့်အတ္တကို အတင်းဆုပ်ကိုင်ပြီး ကိုယ့်စိတ်ကို ကိုယ်အတင်းချုပ်ပြီး အဓမ္မလုပ်တာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ရင် တရားအားထုတ်တာဟာ ဘ၀ရည်မှန်းချက်နဲ့လုပ်တဲ့ ပြိုင်ပွဲတစ်ခုလို ပုဂ္ဂိုလ်ရေးအောင်မြင်မူရအောင်၊ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်အောင်လုပ်တာမျိုး ဖြစ်သွားမယ်။
ဗုဒ္ဓဘာသာရဲ့ သမထ၀ိပဿနာတရားအားထုတ်တာဟာ မိမိစိတ်ကိုပစ္စုပ္ပန်တည့်အောင်၊ ပစ္စုပ္ပန်တည့်တည့်မှာ ပြန်ထားတာပဲဖြစ်တယ်။ အမြဲသတိကပ်ပြီး သိပြီးရင်း သိနေအောင်လုပ်တာဟာ ၀ိပဿနာအားထုတ်နေတာပဲ ဖြစ်တယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အထွတ်အထိပ်ဖြစ်တဲ့ သဗ္ဗညုတဉာဏ်ကိုရတာဟာလည်း သူ့စိတ်ကိုသူဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့လို့ဖြစ်တယ်။ မြတ်ဗုဒ္ဓ ကိုယ်တိုင်တရားအားထုတ်ခြင်းကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူခဲ့ခြင်းဖြစ်ပါတယ်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)
7DAY NEWS Vol.10,N0.39.DECEMBER 15,2011
7DAY NEWS Vol.10,N0.39.DECEMBER 15,2011
No comments:
Post a Comment