လောလောဆယ်တွင် လူနာနှင့် ပြည်တွင်းထုတ်လုပ်မူ အညီမျှ၍ ပြည်ပမှ ဈေးကြီးကြီးပေးပြီး တင်သွင်းနေရလျက်ရှိရာ ယင်းအခြေအနေအတွက် ပြည်တွင်း၌ တိုးချဲ့ထုတ်လုပ်ရန် စမ်းသပ်မူများပြုလုပ်လျက်ရှိကြောင်း၊ ပြည်ပအကူအညီများနှင့် ပတ်သက်၍လည်း “အမေရိကန်ကလည်း နောက်ဆုံးပေါ်နည်းပညာတွေနဲ့ မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့ ကူညီမယ်လို့ ပြောထားပါတယ်”ဟု ဒေါက်တာ ဖေသက်ခင်က ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို စက်မူဝန်ကြီးဌာနက ထုတ်လုပ်လျက်ရှိပြီး၊ ထုတ်လုပ်မူ ကုန်ကျစရိတ်မှာလည်း ကျပ်ခြောင်သောင်းခန့်ကုန်ကျကြောင်း၊ သို့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ငွေကျပ် ၁၅,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဆေးရှစ်လုံး သုံးရသော လူနာတစ်ဦးအတွက် ကျပ် ၁၂၀,၀၀၀ ကျသင့်ပြီး မသက်သာ၍ နှစ်ဆသုံးရလျှင် ၂၄၀,၀၀၀ ကျပ် အကုန်အကျခံ ကုသပေးနေရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသဖြင့် မြွေအန္တရာယ်ပေါများသည့်အတွက် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မူ မလုံလောက်၍ ထိုင်းနိုင်ငံမှ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ နူန်းဖြင့် တင်သွင်းနေရကြောင်း၊ ယင်းဆေးများမှာလည်း အခြေအနေအရ ပြည်တွင်းထုတ်ဈေးများလောက် ထိရောက်မူ မရှိသည့်အတွက် လူနာတစ်ဦးလျှင် ၁၆ လုံးအထိ အသုံးပြုရကြောင်း သိရသည်။

ထူးသန့်၊ နေပြည်တော်၊ မတ်-၅ (7day News) Vol.11, No.1. MARCH 8,2012
No comments:
Post a Comment