ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 8 March 2012

ငှက်ပျောဖူးချဉ်ကြော် (၀ိုက်ဖီ)


ငှက်ပျော်ဖူးချဉ်ကြော် အရံဟင်းတစ်ပွဲဆိုပေမယ့် ဘယ်ဟင်းနဲ့မဆို တွဲဖက်သုံးဆောင်လို့ လိုက်ဖက်တဲ့ အရသာရှိပါတယ်။ အခုတင်ပြမှာကတော့ ငှက်ပျောဖူးချဉ်ကို ၀က်သားသုံးထပ်သားလေးနဲ့ ကြော်ထားတာပါ။ ငှက်ပျောဖူးကြော်ဖို့ ၀က်သားသုံးထပ်သား ငါးကျပ်သားနဲ့ အချဉ်တည်ထားတဲ့ ရခိုင်ငှက်ပျောဖူး လက်နှစ်ဆုပ်စာနဲ့ ကြက်သွန်နီ နှစ်လုံးပဲလိုပါတယ်။



ငှက်ပျောဖူးကြော်ဖို့ အရင်ဆုံး ရခိုင်ငှက်ပျောဖူးတစ်ဖူးကို သုံးရက်လောက် အချဉ်တည်ထားရပါတယ်။ ငှက်ပျောဖူးချဉ်အရောင်လေးလှအောင် အပေါ်ပလပ်တွေမဖယ်ဘဲ အလယ်ကနေထက်ခြမ်းခြမ်း၊ ပလပ်ကြားတွေထဲက အသီးကင်းလေးတွေ ဖယ်ပစ်ပါမယ်။ ပြီးရင် ပါးပါးလေးတွေလှီးပါ။ လှီးပြီးတာနဲ့ မန်ကျည်းသီးမှည့် နည်းနည်းကို ရေဖျော်ထားတာနဲ့ နယ်ပေးရပါမယ်။ အချဉ်ဓာတ်ဝင်အောင် နယ်ပေးပြီးတာနဲ့ ပုလင်း ဒါမှမဟုတ် ဘူးလွတ်တစ်ခုထဲ ထည့်ထားရုံပါပဲ။ သုံးရက်လောက်နေရင်တော့ ငှက်ပျောဖူးချဉ်ရပါပြီ။


ငှက်ပျောဖူးချဉ်နဲ့ တွဲကြော်မယ့် ၀က်သားသုံးထပ်သားကို လက်တစ်ဆစ်စာ ပါးပါးအတုံးလေးတွေ တုံးပေးပါ။ ပြီးရင် ပဲငံပြာရည်၊ ဆားနဲ့သေချာနယ်ပြီးပြုတ်ပါ။ သုံးထပ်သားပြုပြီးပြီဆိုရင် အသင့်ဖြစ်နေပြီဖြစ်တဲ့ ငှက်ပျောချဉ်ဘူးထဲကနေ ငှက်ပျောချဉ် လက်နှစ်ဆုပ်စာလောက်ကို ယူပါမယ်။ အရင်ဆုံး အကွင်းလိုက်လှီးထားတဲ့ ကြက်သွန်နီတွေကို နနွင်းမူန့်ခတ်ထားတဲ့ ဆီအိုးထဲကို ထည့်လိုက်ပါမယ်။ ကြက်သွန်နီဖတ်တွေ ပျော့သွားတဲ့အခါ သုံးထပ်သားပြုတ်တွေ ထည့်မွှေပါမယ်။ နောက်ဆုံးကျမှ ငှက်ပျောဖူးချဉ်ကို ထည့်မှာပါ။ ငှက်ပျောဖူးချဉ်ထည့်ပြီးသွားရင်တော့ အရသာ ဆားနဲ့ဟင်းခတ်မူန့်ထည့်ပြီး မီးဖိုပေါ်က ချလို့ရပါပြီ။


သုံးထပ်သားရဲ့ အဆီကိုငှက်ပျောချဉ်က ထိန်းထားပေးသလို ငှက်ပျောဖူးချဉ်ရဲ့ အချဉ်ဓာတ်ကိုလည်း သုံးထပ်သားက ထိန်းထားပေးတဲ့အတွက် အရသာတကယ့်ကို ထူးခြားတဲ့ ငှက်ပျောဖူးချဉ်ကြော်ကို မြည်းစမ်းကြည့်စေချင်ပါတယ်။

No comments:

Post a Comment