အင်တာနက်အသုံးပြုသူများ၏ ရှာဖွေမူများကို ခြေရာမခံရေး အစီအစဉ်တွင် မိုက်ကရိုဆော့ဖ်၊ မော်ဇီလာနှင့် apple ကုမ္ပဏီများနှင့်အတူ အမေရိကန် အင်တာနက် ရှာဖွေရေးကုမ္ပဏီကြီး ဂူးဂဲလ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အင်တာနက် အသုံးပြုသူများအား ၎င်းတို့ရှာဖွေမူများနှင့် ပတ်သက်၍ ရွေးချယ်မူများပေးသော “Do Not Track” အစီအစဉ်တွင် ပါဝင်ခွင့်ရပြီး ကွန်ပျူတာ လုပ်ငန်းတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သဘောတူခြင်း အစီအစဉ်အတွက် အားရကျေနပ်မိကြောင်း ဂူးဂဲလ်၏ ကြော်ငြာဌာန ဒုတိယဥက္ကဋ္ဌ မစ္စတာဆူဆန်ဝေါ့စစ်ကီး၏ ကြောညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
သို့သော် ၎င်း၏ Chrome အင်တာနက်ရှာဖွေရေးစနစ်တွင် “Do Not Track” အစီအစဉ်ကို မည်သည့်အချိန်၌ ထည့်သွင်းမည်ကို ဂူးဂဲလ်က ကြေညာခြင်း မရှိသေးပေ။ ယင်းအစီအစဉ် ပါဝင်လာပါက အင်တာနက် ကုမ္ပဏီများအနေဖြင့် အသုံးပြုသူ တစ်ဦး၏ အင်တာနက် ရှာဖွေရေးရာဇ၀င်ကို အသုံးချ၍ ပစ်မှတ်ထား ကြော်ငြာများ ထည့်သွင်းနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
ဂူးဂလ်၏ ကြေညာချက်မှာ အိုဘားမားအစိုးရက ပုဂ္ဂလိက အချက်အလက်များ လုံခြုံမူရှိရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လွှတ်တော်အမတ်များအား တိုက်တွန်းနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်ဇီလာနှင့် မိုက်ကရိုဆော့ဖ်တို့က “Do Not Track” အစီအစဉ်ကို အကောင်အထည်ဖော်ထားပြီ ဖြစ်သည်။

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ -၂၈ (7day News) Vol.11, No.1. MARCH 8,2012
No comments:
Post a Comment