ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ပဲတီချဉ်ချဉ်စပ်ကြော် (၀ိုက်ဖီ)


ပဲပင်ပေါက်ကြော်စားရတာ ငြီးငွေ့နေသူတွေအတွက် ပဲပင်ပေါက်ကို အရသာတစ်မျိုးနဲ့ စားလို့ရအောင် ပြင်ဆင်ထားပါတယ်။ ပဲပင်ပေါက်ကို အချဉ်စိမ်ထားတဲ့ ပဲတီချဉ်ပဲဖြစ်ပါတယ်။ အချဉ်စိမ်ထားတဲ့ ပဲတီချဉ်ကို ချဉ်ချဉ်စပ်စပ်လေးကြော်ထားတာပါ။



ဈေးထဲက ၀ယ်လာတဲ့ ပဲတီချဉ်ကို နဲနဲလောက်ဝယ်ပြီး ကြော်မှာဖြစ်တဲ့အတွက် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူပဲလိုပါတယ်။ အရင်ဆုံး ကြက်သွန်ဖြူကို ဆီသတ်ပြီး ပဲတီချဉ်ထည့် ငရုတ်သီးစိမ်း ညှပ်ထည့်လိုက်ရုံပါပဲ။ ပဲတီချဉ်မှာ အငန်ဓာတ်ပါပြီးသားမို့ ဘာမှထပ်ထည့်စရာ မလိုတော့ပါဘူး။ ကြက်သားမူန့် နည်းနည်းထည့်ပြီးတော့ ကြက်သွန်မြိတ်ရှိရင် ကြက်သွန်မြိတ်အုပ်ပြီးချလို့ရပါတယ်။


ပဲတီချဉ်ကို တို့စရာအနေနဲ့ ဒါမှမဟုတ် အသုပ်တွေ ပဲဟင်းတွေနဲ့ တွဲဖက်စားလေ့ရှိပေမယ့် ဒီလိုလေးကြော်လိုက်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာ ပိုရှိသွားမှာပါ။

No comments:

Post a Comment