ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 2 March 2012

ခန္ဓာက ပြနေတဲ့တရားကို ကြည့်မိဖို့လိုတယ် ...


အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခတွေဟာ ခန္ဓာထဲမှာပဲရှိတယ်။ ဒီဆင်းရဲဒုက္ခတွေကို သိမြင်တဲ့ပုဂ္ဂိုလ်တွေသာ သံဝေဂ၀င်ပါတယ်။ တရားရကြပါတယ်။ သံဝေဂဆိုတာ ဒုက္ခကိုမြင်လို့ ဒုက္ခကို ကြောက်စိတ်ပါ။ ဒုက္ခဆင်းရဲတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကြောက်လန့်တာမျိုးကို သံဝေဂဉာဏ်လို့ ခေါ်ပါတယ်။

တရားဓမ္မအားထုတ်တဲ့အခါ သံဝေဂဉာဏ်မပါဘဲ တရားအားထုတ်နေရင် တရားနဲ့ဝေးပါလိမ့်မယ်။ သံဝေဂဉာဏ်နဲ့ကြည့်ပြီး ဒုက္ခပေးတဲ့ခန္ဓာ၊ အိုတဲ့ခန္ဓာ၊ နာတဲ့ခန္ဓာ၊ သေတဲ့ခန္ဓာလို့မြင်နေမှ တရားရပါလိမ့်မယ်။ ခန္ဓာကိုယ်ကြီးဟာ ကုန်ခန်းပျက်စီးခြင်းသဘောသာရှိတဲ့ ခန္ဓာပါ။ နဂိုမူလတုန်းက အင်အားတွေ အခုအချိန်မှာ ကုန်လာပါပြီ။ တစ်စတစ်စနဲ့ အသိဉာဏ်ပညာတွေ တဖြည်းဖြည်း နှေးကွေားလာခဲ့ပါပြီ။

အကြားအမြင်၊ အထိအတွေ့အာရုံတွေလည်း တဖြည်းဖြည်းဆုတ်ယုတ်လာနေပါပြီ။ အပျက်ဆီးကို ဦးတည်နေတာပါ။ ပျက်တော့မယ်လို့ ပြနေတာပါ။ ဒီခန္ဓာကြီးနဲ့ တစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ်၊ တစ်နှစ်လည်းမဟုတ်၊ နှစ်ပေါင်းများစွာ အတူနေလာကြတာတောင် ခန္ဓာကြီးက ပြတဲ့တရားကို မမြင်ကြတာ မကြည်ကြလို့ပဲဖြစ်ပါတယ်။

တရားမမြင်ကြတဲ့ သူတွေကတော့ ဒီခန္ဓာကြီးကို အကြောင်းပြုပြီး လောဘတွေတက်၊ ဒေါသတွေထွက်၊ မောဟတွေဖုံးလွမ်းပြီး အကုသိုလ်တွေသာတိုးပွား လာကြပါတယ်။ ကိုယ်ကိုယ်တိုင် ချမ်းသာရာ ချမ်းသာကြောင်း ရှာဖွေရင်းနဲ့ပဲ ဒုက္ခရောက်ကြောင်းတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေကြမယ်ဆိုရင် တရားနဲ့ ဝေးကွာနေကြပါလိမ့်မယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ

7DAY NEWS Vol.10,N0.33.NOVEMBER 3,2011

No comments:

Post a Comment