ခန္ဓာကိုယ်ရဲ့ ဘောင်အတွင်းမှာ ဝေဒနာကို မတွေ့ထိ မခံစားရဘဲနဲ့ တရားကို ငါသိပြီ ပညာစခန်းကို ငါပြီးဆုံးပြီလို့ဆိုရင် ဒါဟာအမြင်မှားပါပဲ။ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး ဖြစ်တဲ့အပိုင်းကိုသိပြီး လက်တွေ့ သိရှိခံစားနိုင်သေးတာမှ မဟုတ်သေးဘဲ။ ဝေဒနာကို ခန္ဓာကိုယ်အတွင်းမှာ ခံစားနိုင်မှသာ၊ တိုက်ရိုက်လက်တွေ့ လုပ်ဆောင်နိုင်ပြီးမှသာ အမှန်တရား သစ္စာတရားကို ကိုယ်တွေ့ သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
ဒီတော့မှ ယောဂီဟာ ပညာရဲ့ အပိုင်း ၃-ပိုင်းဖြစ်တဲ့ အနိစ္စ၊ အနတ္တ၊ ဒုက္ခ၊ တို့ကို ပိုပိုနားလည်လာပြီး ပညာစခန်းမှာ ရင့်မာလာပြီး တည်မြဲလာပါလိမ့်မယ်။ ပညာစခန်းမှာ တည်မြဲလာတဲ့ အခါကျတော့ ယောဂီဟာ လောကကြီးထဲမှာ ဘယ်လိုအတွေ့အကြုံပဲ တွေ့ရတွေ့ရ အပေါ်ယံအားဖြင့် ဟုတ်မှန်တဲ့တရားပဲ ဒီဟာကတော့ တကယ်အစစ်အမှန် အဆုံးစွန်သော အမှန်တရားပဲရယ်လို့ ခွဲခြားပြီး သိနားလည်လာပြီး စိတ်ဟာ သဟဇာတမျှမျှတတ ဖြစ်နေပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment