အမေရိကန်ပြည် ဘာကလေတက္ကသိုလ် ရူပဗေဒပါမောက္ခကြီးတစ်ဦးဟာ လောကဓါတ်ပညာအတွက် နိုဘယ်ဆုဆိုတဲ့ ဆုထူးကြီးကို ရပါတယ်။ ဒီဆုက သာမန်လူတွေ ရကြတာမျိုး မဟုတ်ပါဘူး။ အင်မတန် ထူးထူးချွန်ချွန်နဲ့ သူတစ်ဦးတစ်ယောက်မျှ မသိဘူး၊ မတွေ့ဘူးသေးတဲ့ အချက်အလက်ပညာတစ်ရပ်ကို ဖော်ပြနိုင်မှ ရတာမျိုး ဖြစ်ပါတယ်။
ဒီပါမောက္ခကြီးဟာ ပရာမာနုမြူလေးရဲ့ သဘောတရားကို အင်မတန်သိချင်ပြီး လေ့လာပါတယ်။ ဒီတုန်လူပ်နေတဲ့ တုန်ခါမူလိုင်းကလေးတွေဟာ ဘယ်လောက်မြန်မြန် ဖြစ်ပျက်နေသလဲဆိုတာကို ရှာဖွေစူးစမ်းဖို့ ကိရိယာတန်ဆာပလာကို ထွင်နေတာက ၁၅-နှစ်လောက် ကြာပါတယ်။ ဒီကိရိယာ တန်ဆာပလာကို သူက “ဘာဘယ်ချိန်ဘား ရေမြှုပ်အခန်း”လို့ နာမည်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရမာဏုမြူကလေးတွေက ရေပူပေါင်းကလေးတွေလို ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားတဲ့အတွက် ဖြစ်ပါတယ်။
ဒီကိရိယာကို သုံးပြီးတော့ သူက ဘာကိုတွေ့သလဲဆိုတော့ အငယ်ဆုံး အသေးငယ်ဆုံး အနုမြူကလေးထက်သေးငယ်တဲ့ ပရမာဏုမြူကလေးဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း တစ်နောက်မှာ သုည (၂၂)လုံးအကြိမ် ဖြစ်ပြီးပျက်ပျက်သွားတယ်ဆိုတာကို တွေ့ရှိပါတယ်။ ယုံနိုင်စရာတောင် မရှိပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment