စိတ်ကဒီလို ဖြစ်လာပြီဆိုတော့ နောက်တစ်ဆင့်ဖြစ်တဲ့ သမ္မားဒိဋ္ဌိ ကောင်းသော မှန်သောသိနားလည်မူကို တက်လာနိုင်ပါတယ်။ စိတ်က အကုသိုလ်အညစ်အကြေးတွေ ဘာမှမပါဘဲနဲ့ ယောနိသောမနသိကာရနဲ့သာ လမ်းမှန်ကိုညွှန်ပြီး ကောင်းသောမှန်သော စိတ်ကူးအကြံအစည်တို့ ဖြစ်လာကြပြီဆိုတော့ ယောဂီရဲ့ သိနားလည်မူဟာလည်း ပိုမိုကောင်းကောင်းလာပါတယ်။
သမ္မာဒိဋ္ဌိကတော့ မဖောက်မပြန်ကောင်းစွာမြင်ခြင်း၊ မှန်ကန်တဲ့ သိနားလည်မူရှိခြင်း ဖြစ်ပါတယ်။ စိတ်အညစ်အကြေးတွေရဲ့ အရောင်ဟပ်ခြင်းတွေ မပါဘဲနဲ့ သိနားလည်မူနဲ့ ယောဂီရဲ့စိတ်ဟာ မှန်ကန်ကျနစပြုလာပါပြီ။ အညစ်အကြေးတွေက ကုန်စင်သေးတာတော့ မဟုတ်ပါဘူး။ အများကြီးပဲ ကျန်နေပါသေးတယ်။ စိတ်ရဲ့ အပေါ်ယံပိုင်း ဦးနှောက်နဲ့သိတဲ့ ဉာဏ်အပိုင်းကတော့စပြီး မှန်ကန်ကျန ဖြစ်လာပါပြီ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment