တစ်ခါတစ်လေကျပြန်တော့လည်း ဝေဒနာကိုတော့ ခံစားရပါတယ်။ ဘယ်လိုဝေဒနာလို့ ပြောမပြနိုင်ပါဘူး။ အမည်နာမ တပ်လို့မရပါဘူး။ အမည်နာမတပ်ဖို့ လိုလဲ မလိုပါဘူး။ ဘယ်လို ဝေဒနာပဲဖြစ်ဖြစ် ခံစားရရင် ဒီခံစားရမူကို ဘက်မလိုက်ဘဲ ရူရုံမျှသာ ရူနေရင် ပြီးတာပါပဲ။ အရေးကြီးတာက သတိရှိနေဖို့ သတိနဲ့ ရူနေဖို့ပါပဲ။
ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပျက်နေတာကို သတိနဲ့ ရူနေဖို့ပါပဲ။ မဟုတ်ဘဲ သူတို့ဟာ သူတို့သဘာဝအလျောက် ဖြစ်ပျက်နေကြတာပါပဲ။ ငါလည်းမဟုတ် ငါ့ဟာလည်း မဟုတ်ပါဘူး။ ဒီဟာဓမ္မပါပဲ။ သူ့သဘောအတိုင်း သူဖြစ်ချင်သလို ဖြစ်နေတာပါပဲ။ ကိုယ်နဲ့ အသိအမှတ် မပြုဘဲပေါ်လာတဲ့ ဝေဒနာတွေကို သတိရှိနေပါ။ ရူရုံမျှသာ ရူနေပါ။
တစ်ခါတလေတော့လဲ ဘာဝေဒနာမှ မခံစားရဘူး။ ဝေဒနာတွေကတော့ အမြဲတမ်းပဲ ရှိနေကြတာပါပဲ။ ကိုယ်ခန္ဓာ တစ်ခုလုံးမှာ နေရာအပြည့် အသက်ရှိတဲ့နေရာမှာဆိုရင် တစ်ခဏတိုင်း တခဏတိုင်းမှာ ဝေဒနာတွေရှိနေတာပါပဲ။ ဒါပေမယ့် ယောဂီရဲ့ စိတ်ဓာတ်က ကြမ်းတမ်း အားကြီးပြီး ဝေဒနာက သိမ်မွေ့အားကြီးတော့ ဝေဒနာ မခံစားနိုင်တာ ဖြစ်တာပါ။ ဘာဝေဒနာကိုမှ မခံစားရဖူး၊ မတွေ့ရဘူးဆိုရင် ၀င်သက်ထွက်သက်နဲ့ပဲ ပြန်စပါ။
အသက်ကတော့ တစ်ချိန်လုံး ရူနေတာပါပဲ။ ခန္ဓာကိုယ်ရဲ့ ဒီအစိတ်အပိုင်းကလေးမှာ အသက်ရှူတဲ့လေကတော့ အမြဲပဲ ၀င်ထွက်နေတာပါပဲ။ ဒီတော့ ၀င်လေ၀င်နေတာ ထွက်လေထွက်နေတာ ထိတွေ့နေတာကိုသိပြီး သတိနဲ့ရူနေပါ။ နောက်ဒီနေရာကလေးမှာ ဝေဒနာ တစ်ခုခုပေါ်လာပြီဆိုရင် ဒီပေါ်လာတဲ့ဝေဒနာကို အရေးအားလုံးပေးပြီး သတိရှိနေပါ။ အာရုံစိုက်ပြီးရူနေပါ။ ဒီဝေဒနာကလေး ပျောက်ကွယ်သွားတဲ့အထိ ရူနေပါ။ ဒီဝေဒနာကလေး ပျောက်ကွယ်သွားရင် တခြားဝေဒနာတစ်ခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာရင် ဒီပေါ်လာတဲ့ ဝေဒနာကိုလည်း သူပျောက်ကွယ်သွားတဲ့အထိ ရူနေပါ။ ပျောက်ကွယ်သွားပြန်ရင်လဲ နောက်တစ်ခု ထပ်ပေါ်ချင်ပေါ်လာပါလိမ့်မယ်။
တကယ်လို့ ဘာဝေဒနာမှ နောက်ထပ် ပေါ်မလာဘူးဆိုရင်လဲ ၀င်သက်ထွက်သက်ကတော့ ရှိနေတာပါပဲ။ ၀င်သက်ထွက်သက်ကို အရေးပေးပြီး အာရုံစိုက်ထားပါ။ ဝေဒနာ တစ်ခုခုပေါ်နေရင် ခံစားနေရတဲ့ ဝေဒနာကို အာရုံစိုက်ထားပါ။ ၀င်သက်ထွက်သက် ထိထိနေတဲ့ နေရာကလေး အရေးပေးပါ။ ဝေဒနာပဲဖြစ်ဖြစ် ၀င်သက်ထွက်သက်ပဲဖြစ်ဖြစ် အာရုံကို ဒီကန့်သတ်ထားတဲ့ နေရာကလေးအတွင်းမှာပဲ စူးစိုက်ထားပါ။ ဒီနေရာကလေးကကျော်ပြီး ကိုယ်ခန္ဓာရဲ့ တခြားနေရာလည်း မရပါဘူး။ တားဖို့ရာကိုလည်း မကြိုးစားပါနဲ့။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment