ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ကြက်သားငါးပိအစပ်ချက် (၀ိုက်ဖီ)


ကြက်သားငါးပိချက်ဆိုပေမယ့် တို့စရာနဲ့ တို့စားရတဲ့ ငါးပိချက်မျိုး မဟုတ်ပါဘူး။ ကြက်သားဆီပြန်ကိုပဲ ပုံစံတစ်မျိုးနဲ့ စားလို့ရအောင် ချက်ထားတာပါ။ အမှန်တော့ ရခိုင်တိုင်းရင်းသားတွေ စားလေ့ရှိတဲ့ ကြက်သား ငရုတ်သီးဟင်းလိုပါပဲ။



ကြက်သားငါးပိချက်အတွက် ကြက်သားအသား ၁၅-ကျပ်သား၊ ငါးပိလက်ဖက်စားဇွန်း ၂-ဇွန်းစာ၊ ခရမ်းချဉ်သီး ၁-လုံး၊ ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းရွက် နည်းနည်းပဲလိုပါတယ်။


အရင်ဆုံးကြက်သားကိုပြုတ်၊ ပြုတ်ပြီးသားအသားကို အတုံးသေးသေးလေးတွေ လှီးထားပါမယ်။ ကြက်သားကို မပြုတ်ခင် ထုံးစံအတိုင်း အရသာ၊ နနွင်းတို့နဲ့နယ်ပါ။


ဟင်းချက်ဖို့ ပထမဆုံး ကြက်သွန်ဖြူနီ ဆီသတ်ပြီး ခရမ်းချဉ်သီးတစ်လုံး ပါးပါးလှီးထားပါမယ်။ ခရမ်းချဉ်သီးလိပ်သွားရင် ရေဖျော်ထားတဲ့ ငါးပိထည့်ပါမယ်။ ငါးပိခြောက်သွားပြီး အနံ့မွှေးလာတဲ့အခါ ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေထည့်ပါ။ ဆားနဲ့ ကြက်သားမူန့် နည်းနည်းလည်း ထည့်လိုက်ပါဦး။ ပြီးမှ ကြက်သားပြုတ်အတုံးလေးတွေ ထည့်ပါ။ ကြက်သားပြုတ်လေးတွေနဲ့ ငါးပိဆီသတ်ထားတာလေးတွေ သမအောင် ရေအကြမ်းပန်ကန်လုံး တစ်ဝက်လောက် ထည့်မွှေပြီးချခါနီးရင် ပင်စိမ်းအုပ်လိုက် လို့ရပါတယ်။ ဒီဟင်းက နနွင်းနဲ့ ချက်တာမို့လို့ အရောင်တင်မူန့် မထည့်မိဖို့လိုပါတယ်။ နနွင်းနဲ့ ငရုတ်သီးစိမ်းက ဟင်းရဲ့ အရောင်ကို တစ်မျိုးလှပစေမှာပါ။


ဒါဆိုရင်တော့ ဒီရခိုင်စတိုင်ဟင်းတစ်မျိုးကို ပုံစံပြောင်းချက်ထားတဲ့ ကြက်သားငါးပိ အစပ်ချက်တစ်ပွဲရပါပြီ။

No comments:

Post a Comment